27 C
Yangon

ရန်ကုန် ကျောက်တန်း EPC ရုံးနှင့် လှိုင်သာယာ ၁၀ရပ်ကွက်ရုံးတို့ ဗုံးခွဲတိုက် ခိုက်ခံရပြီး စစ်သား ၁ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၅

ရန်ကုန်တိုင်း ကျောက်တန်းမြို့ မြို့နယ်လျှပ်စစ် မန်နေဂျာရုံးကို မတ်လ ၅ရက်နေ့ နံနက် ၈နာရီ ၄၅မိနစ်ခန့်တွင် မြို့ပြ ပျောက်ကြား တပ်ဖွဲ့ ၂ ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး မီတာရုံး ဂိတ်ပေါက်စောင့် စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း CRF တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ချေဂွေဗားရား ပျောက်ကြားတပ်ဖွဲ့ ကျောက်တန်း Che-Guevara Revolution Force (Kyauktan) နှင့် Thongwa Youth Force (TYF)တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ လှိုင်သာယာမြို့နယ်၊ ၁၀ရပ်ကွက်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြ ပျောက်ကြား တပ်ဖွဲ့၎ဖွဲ့ဖြစ်သည့် G.O.D, SRF, Black Eagle, BDA တို့က မတ်လ ၅ရက်နေ့ ည ၈နာရီခန့်တွင် အဝေးထိန်းမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ရပ်ကျေးအဖွဲ့ဝင်များ ထိခိုက်မှုဒဏ်ရာ ရရှိသူများရှိကြောင်း GOD တပ်ဖွဲ့ထံမှ သိရသည်။

ထို မြို့ပြ ပျောက်ကြားတပ်ဖွဲ့ ၄ဖွဲ့သည် ရိုးလေးနှင့် ၁၂၄ ကြား တံတားအဆင်းတွင် စစ်ကောင်စီ ကင်းလှည့်ရာ လမ်းကြောင်းကို ဖောက်ခွဲတိုက်ခိုက်ရန် ပြင်းအားမြင့်အဝေးထိန်း တစ်လုံး စီစဉ်ထားခဲ့သော်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိလာခြင်း မရှိသောကြောင့် ဖောက်ခွဲတိုက်ခိုက် နိုင်ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ကျောက်တန်းတွင် ပေါက်ကွဲခဲ့သော ဗုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article