ရန်ကုန်၊ မတ် ၆
မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ လယ်ယာရွာ၊ လက်ပန်လှရွာနှင့် အင်ငယ်ဒေါင့်ရွာတို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတ်လ ၂ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးခဲ့ပြီး ရွာလုံးကျွတ် မီးလောင်ပြာကျသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် လယ်ယာရွာကို မတ်လ ၂ ရက်နေ့ ည၉နာရီ ၃ဝမိနစ်ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများ အချိန်မီ ဘေးလွတ်ရာသို့ ရှောင်တိမ်းထွက်ပြေးနိုင်သော်လည်း မီးငြိမ်းသတ်မည့်သူ မရှိသောကြောင့် ရွာလုံးကျွတ် ပြာကျခဲ့ခြင်းဖြစ်ကြောင်း၊အလားတူ လက်ပန်လှရွာနှင့် အင်ငယ်ဒေါင့်ကျေးရွာတို့လည်း မီးရှိူ့ခံရပြီးပြာကျသွားကြောင်း သိရှိရသည်။ ” ညအချိန်ကြီး ခွေးတွေဝင်လာတော့ အကုန်လုံး ဘေးလွတ်ရာကို ထွက်ပြေးကျရတာ တချို့ဆို ပစ္စည်းတောင် မယူနိုင်ဘူး။ ကျွန်တော်တို့ လယ်ယာရွာ တစ်ရွာလုံး ပြာပဲကျန်တော့တယ်။ လက်ပန်လှရွာနဲ့ အင်ငယ်ဒေါ့်ထောင်ရွာတွေလည်း ရွာလုံးကျွတ် နီးပါးကို မီးရှို့ဖျက်ဆီးခံရတာ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။