30.5 C
Yangon

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဝတ်စုံလေလံတင်ရောင်းချမည်

Must read

ရန်ကုန်၊ မတ် ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနှင့် ပြည်ပရောက် နွေဦးတော်လှန်ရေးအဖွဲ့များမှ ပူးပေါင်းကျင်းပသောနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဝတ်စုံ လေလံတင်ရောင်းချပွဲနှင့် KTJ SUPPORTING GROUP၏ တတိယအကြိမ် ကံစမ်းမဲအစီအစဉ် မိတ်ဆက်ပွဲ အခမ်းအနားကို မတ်လ၆ရက် တနင်္ဂနွေနေ့ ကိုရီးယားစံတော်ချိန် မနက်(၁၁)နာရီတွင် အွန်လိုင်းမှ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယမှာနေခဲ့စဉ် စက်ချုပ် သင်ယူတတ်မြောက်ခဲ့ပြီး ဒီဇိုင်းလေးများ ဖန်တီးလေ့ရှိကြောင်း သိရှိရသည်။ လေလံတင်မည့် အင်္ကျီကို နဝတ,နအဖ လက်ထက် သူမ နေအိမ် အကျယ်ချုပ်ကျနေစဉ်ကာလမှာ လက်မောင်း အဆက်ကြားအရောင်ကွပ် ဒီဇိုင်းထွင်ခဲ့ပြီး အတူနေသူ အဖွဲ့ချုပ် ဗဟိုအမျိုးသမီးအဖွဲ့ဝင် ဒေါ်ခင်ခင်ဝင်းက ချုပ်ပေးခဲ့ပါသည်။ စက်ကြီးပန်းထိုးတွေ၊ အနားကွပ်တဲ့ အရောင်သွေးတွေ ကိုလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ် တွဲစပ် ပေးထားကြောင်း သိရှိရပါသည်။အထူးသဖြင့် ထမီ၏အထက်ဆင့်ကို အနက်ရောင် မသုံးတာမှုက ဒေါ်အောင်ဆန်းစုကြည်၏ ထူးခြားချက်လည်း ဖြစ်ပါသည်။ အဆိုပါ အင်္ကျီကို လက်ဆောင်အဖြစ် ရရှိခဲ့သူက အများအကျိုးရှိစေမယ့် နေရာမှာ အသုံးပြုစေလိုပြီးတောင်ကို ရီးယားနိုင်ငံရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေရဲ့ စည်းလုံးညီညွတ်စွာနဲ့ နိုင်ငံအရေးလှုပ်ရှားဆောင်ရွက်မှုတွေကို အားပေးလိုစိတ်၊ ပူးပေါင်းပါဝင်လိုစိတ်များဖြင့် ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းထံ ပေးပို့ခဲ့ပါသည်။အလှူရှင်သည် အင်္ကျီလေလံတင်ရောင်းချရရှိသည့်ငွေများအနက် အနည်းဆုံး တဝက်တိတိကို ဒုက္ခသည်တွေနဲ့ ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးပြီး အပြင်မထွက်နိုင်၊ အလုပ်လည်းမရှိဘဲ ဒုက္ခရောက်နေတဲ့သူတွေဆီကို လှူပေးစေလိုကြောင်း တောင်းဆိုထားပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article