ရန်ကုန်၊ မတ် ၆
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ပဆေးလာရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့ည၌ လက်နက်ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ပြီး နေအိမ် ၁ လုံး၊ ဆိုင်ခန်း ၁ ခန်းနှင့် ကား ၁ စီး ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ယမန်နေ့တွင် မိုးဗြဲ-ဒီးမော့ဆိုကားလမ်းပေါ်ရှိ သေးဆူလဲရွာနှင့် ဒေါနော်ကူးကျေးရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညပိုင်းတွင် အများပြည်သူနေထိုင်ရာကျေးရွာများသို့ လက်နက်ကြီးများဖြင့် စစ်ကောင်စီက ရမ်းသန်းပစ်ခတ်ခဲ့သည်ဟု ဒီးမော့ဆို PDF က သတင်းထုတ်ပြန်ထားသည်။
ပဆေးလာကျေးရွာသည် တိုက်ပွဲဖြစ်ပွားရာ သေးဆူလဲရွာမှ ၇ မိုင်ခန့်ကွာဝေးပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုရှိ၊ မရှိကို ကနဦး အတည်မပြုနိုင်သေးပေ။
Photo – Karenni’s Voice