ရန်ကုန်၊ မတ် ၇
စစ်ကိုင်းတိုင်း၊ တန့်ဆည်တွင် လက်နက်ကိုင် မဘသ ဘုန်းကြီးအမည်ခံ ဝါသ၀ ခေါင်းဆောင်သော အဖွဲ့ တိုက်ခိုက်ခံရပြီး ၃၀ ကျော် သေဆုံးနိုင်ကြောင်း တန့်ဆည် PDF က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
မတ်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် တန့်ဆည် PDF ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကဘဲ၊ဘေရင်းကျေးရွာဘက်မှ ပျူစောထီးများနှင့်စစ်သားများ ထွက်ပြေးသွားကြောင်း ၊ ယင်းနောက် ဝါသ၀ ခေါင်းဆောင်သော လက်နက်ကိုင်အဖွဲ့ကို ဒုတိယအကြိမ် လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း၊ ဝါသ၀ အပါအဝင် စစ်သားနှင့်ပျူစောထီး ၄၀ ကျော်ထိမှန်ကြောင်း သိရှိရသည်။
“ဝါသ၀ဆိုတဲ့ ဘုန်းကြီးသေတယ်လို အတည်မပြုသေးဘူး။ သိုပေမယ့် သူတို့ဘက်က ၃၀ ကျော်သေတာတော့ confirmဖြစ်တယ်” ဟု တန့်ဆည် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ တန့်ဆည်မြို့နယ်၊ ရတနာကံမြင့်ထယ်ကျောင်းတိုက်တွင် ပစ္စတိုလွယ်ပြီး စည်းရုံးနေသော ဘုန်းကြီးများတွင် မဘသ အစွန်းရောက် ဝါသ၀ ပါဝင်ကြောင်း၊ ကန့်ဘလူမြို့နယ် မှော်တော်ရွာ ကျောင်းထိုင် ဘုန်းကြီးဖြစ်ကြောင်း ၊ အမျိုးသားရေး တက်ကြွ လှုပ်ရှားသူဖြစ်ပြီး ဓမ္မစကူးလ်ဖောင်ဒေးရှင်းတွင်လည်းကောင်း၊ ငါးရာငါးဆယ်ဆရာတော် အမည်ခံ၍ လက်နက်ကိုင်ပြီး လူသတ် လုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- လက်နက်ကိုင် မဘသ ဘုန်းကြီးအမည်ခံ အစွန်းရောက် ဝါသ၀ ပစ္စတိုလက်နက်ကိုင်ဆောင်ထားစဉ်။