ရန်ကုန်၊ မတ် ၇
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ အုပ်ချုပ်နယ်မြေ မူတြော် (ဖာပွန်) ခရိုင်တွင် ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား တိုက်ပွဲပေါင်း ၃၁၃ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီမှ ဗိုလ်ကြီး ၃ ဦး၊ တပ်ကြပ်ကြီး ၃ ဦးအပါအဝင် ၁၃၆ ဦး သေဆုံးကာ ၁၀၄ ဦး ဒဏ်ရာရရှိကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။
တိုက်ပွဲများတွင် KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးကာ ၂၆ ဦး ဒဏ်ရာရရှိကြောင်း အပြစ်မဲ့ ပြည်သူ ၄ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။
ဖေဖေါ်ဝါရီလအတွင်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ၃၆၅ ကြိမ် ပစ်ခတ်ခဲ့သလို လေကြောင်းမှတဆင့် ၁၀ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ မော်တော်ယာဉ် ၅ စီးနှင့် အဆောက်အဦး ၃ လုံးကို KNLA က ဖျက်ဆီးခဲ့ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။
ဓါတ်ပုံ – KNLA တပ်ဖွဲ့ဝင် ၁ ဦး