ရန်ကုန်၊ မတ် ၈
ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်ရှိ ဒေါးငံခါး ၂ရပ်ကွက် စာသင်ကျောင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတ်လ ၇ ရက်နေ့ ည ၇ နာရီ ကျော်ခန့်တွင် တိုက်လေယာဉ်ဖြင့် အင်အားပြင်း ဗုံးများ ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာသို့ ပြောဆိုသည်။
” ကြဲချတဲ့ဗုံးက အင်အား တော်တော်ပြင်းတယ်။ ဗုံးကျတဲ့ နေရာမှာ ကျင်းအကြီးကြီးတောင် ဖြစ်သွားတယ်။ ကြဲချတဲ့ ဗုံးနားမှာရှိတဲ့ စာသင်ကျောင်းလဲ တော်တော်ပျက်စီးသွားတယ်” ဟု တော်လှန်ရေး ရဲဘော် တစ်ဦးက ပြောဆိုသည်။
ထိုသို့ တိုက်ခိုက်ခံရသော အနီးအနားရှိ ပြည်သူများ ထိခိုက်မှုရှိမရှိကို လက်ရှိချိန်ထိ အတည်မပြုနိုင်သေးဘဲ စစ်တပ်က တိုက်လေယာဉ်များဖြင့် အင်းအားပြင်းဗုံးများ အသုံးပြုကာ ထပ်မံ တိုက်ခိုက်မှုများ ပြုလုပ်လာမည်ကို ဒေသခံ ပြည်သူများအနေဖြင့် စိုးရိမ်လျက်ရှိကြောင်း သိရသည်။



