33 C
Yangon

ယင်းမာပင်ရှိ စစ်ဘေးရှောင်များနေထိုင်ရာ လက်ပန်တော ဘုန်းကြီးကျောင်းကို စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်၊ ကျေးရွာသား ၄ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ၊ စစ်တပ်မီးရှို့မှုကြောင့် ချောင်းမကျေးရွာ ပြာကျသွားခဲ့

Must read

ရန်ကုန်၊ မတ် ၈

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စစ်ဘေးရှောင်များ စုစည်းနေထိုင်ရာ လက်ပန်တောကျေးရွာ ဘုန်းကြီး ကျောင်းကို ယနေ့ နံနက် ၈ နာရီကျော်အချိန် စစ်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်သဖြင့် စစ်ဘေးရှောင် ပြည်သူ ၄ ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“လက်ပန်တောရွာ ဘုရားကုန်းပေါ်မှာ စစ်ခွေးတွေက နေရာယူပြီး ရွာထဲကို လက်နက်ကြီးနဲ့ပစ်တာ။ အိမ်တွေပေါ်လည်းကျတယ်။ စစ်ဘေးရှောင်တွေစုနေတဲ့ ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျည်ကျပြီးတော့ ၄ ဦး ပွဲချင်းပြီးဆုံးတယ်။ ၁ ဦးကတော့ ဒဏ်ရာရတယ်။ အခု စစ်ခွေးတွေ ရွာထဲ ရောက်နေပြီ။လက်နက်ကြီးငယ်များဖြင့် အရမ်းပစ်နေတယ်။ စစ်တပ်အင်အား ၂၀၀ လောက်ရှိတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လက်ပန်တောကျေးရွာကို စစ်တပ်က ဝင်စီးနေသဖြင့် ပ/သီးကုန်းကျေးရွာအုပ်စုမှ ရှမ်းရွာ၊ ကံသာ၊ လက်ပန်တော၊ ကျွန်းတောကျေးရွာများမှ ပြည်သူများ အသက်လုထွက်ပြေးနေရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

ထို့ပြင် မတ်လ ၅ရက်နေ့ညပိုင်း စစ်ကိုင်းတိုင်းယင်းမာပင်ခရိုက်၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာအတွင်း စစ်ကောင်စီက မီးတင်ရှို့သွားသဖြင့် အိမ်ထောင်စု ၁၃ စု ပိုင်ဆိုင်သော နေအိမ်အဆောက်ဦး၂၈လုံးမီးလောင်ကျွမ်း ပြာကျသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article