ရန်ကုန်၊ မတ် ၈
မြစ်ကြီးနားမြို့တွင် ယနေ့ မတ် ၈ ရက်နေ့၌ ပြည်သူများ စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ်စစ်အာဏာရှင်ဆန့်ကျင်ရေး စုပေါင်းသပိတ်စစ်ကြောင်းတွင် ဖက်ဆစ်လက်ပါးစေတို့၏ ရက်စက်စွာအကြမ်းဖက်ဖြိုခွဲမှုကြောင့် Kachin State Civilian Movement- KSCM သပိတ်ကော်မတီမှ သူရဲကောင်း ဦးချိုတားနှင့် ကိုဇင်မင်းထက်တို့ အောင်နန်းစိန့်ကိုလန်ဘန်ဘုရားကျောင်းနားတွင် ကျဆုံးခဲ့ရသည့် တစ်နှစ်ပြည့်အဖြစ် “သွေးကြွေးအတွက် သွေးမအေးဘူး” ကြွေးကြော်သံနှင့် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို ချီတက်ခဲ့ကြသည်။