25 C
Yangon

မြိတ်တွင် စစ်ကောင်စီခန့် ဝန်ကြီးချုပ် မြတ်ကို ယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၁၀

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် စစ်ကောင်စီခန့် ဝန်ကြီးချုပ် မြတ်ကို ယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

မတ်လ ၈ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်က မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်အကြား လသာကျေးရွာအနီးတွင် ဝန်ကြီးချုပ် မြတ်ကို၏ ယာဉ်တန်း တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ ကား ၁၅ စီးပါ စစ်ကောင်စီယာဥ်တန်း ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။

တိုက်ခိုက်မှုကြောင့် ဝန်ကြီးချုပ်မြတ်ကို တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း၊ လက်ရှိတွင် လသာကျေးရွာ အနီးသို့ စစ်တပ်က အင်အားတိုးမြှင့်ပြီး နယ်မြေရှင်းလင်းလုပ်ရန် စီစဉ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- မင်းအောင်လှိုင် ဥပဒေမဲ့ ခန့်ထားသည့် ဝန်ကြီးချုပ် မြတ်ကို။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article