29 C
Yangon

စစ်ကောင်စီလက်ပါးစေ BGF တပ်ရင်း ၁၀၁၆ မှ တပ်သား စောမော်ဝါး KNU ထံ လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်

Must read

ရန်ကုန်၊ မတ် ၁၈

အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ BGF တပ်ရင်း ၁၀၁၆ မှ တပ်သားအဆင့်ရှိသူ စောမော်ဝါးသည် မတ်လ ၁၇ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅၊ တပ်ရင်း ၁၀၂၊ တပ်ခွဲ ၃ ထံ လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်လာကြောင်း KNU တပ်မဟာ ၅ မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။

ဖားအံမြို့ဇာတိ စောမော်ဝါးသည် ၎င်း၏ အထက်အရာရှိများ၏ အမိန့်စေခိုင်းချက်ဖြင့် ကရင်အချင်းချင်း ပြည်လည်တိုက်ခိုက်ခြင်း၊ အပစ်မဲ့ပြည်သူများအားသတ်ဖြတ်ခြင်းများကို မိုက်ရူးရဲဆန်ဆန်မပြုလုပ်လိုပါတော့သဖြင့် ယခုလိုအလင်းပြန်လည်ဝင်ရောက်လာရခြင်းဖြစ်ကြောင်း မူတြော်သတင်းစဉ်က ဖော်ပြသည်။

BGF တပ်ရင်း ၁၀၁၆ သည် လှိုင်းဘွဲ့မြို့နယ်၊ ဒေါ်လန်းရွာအခြေစိုက် တပ်ရင်းတခု ဖြစ်သည်။

တပ်သားစောမော်ဝါးသည် M-16 အမျိုးအစား ရိုင်ဖယ်သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည်ဆံ ၃၀၀ ဖြင့် အလင်းဝင်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့အလင်းဝင်ရောက်ခိုလှုံရာတွင် ၎င်းနှင့်အတူ M-16 ARတစ်လက်၊ ကျည်ကာ(၃)ချပ်နှင့် ကျည်ဆံ(၃၀၀)လုံးအပြည့် ယူဆောင်လာခဲ့ကြောင်းသိရသည်။

ဓါတ်ပုံ – KNU ထံအလင်းဝင်လာသော BGF မှ တပ်သား စောမော်ဝါး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article