30 C
Yangon

ရန်ကုန်အရှေ့ပိုင်းခရိုင်နှင့်အနောက်ပိုင်းခရိုင်တွင် တစ်နေ့လျှပ်စစ်မီး ၈ နာရီပြတ်မည်ဖြစ်ပြီး တောင်ပိုင်းခရိုင်နှင့်မြောက်ပိုင်းခရိုင်တွင် တစ်နေ့ လျှပ်စစ်မီး ၁၂ နာရီပြတ်တောက်မည်၊ အုပ်စု A ၊ အုပ်စု B ခွဲ၍ အလှည့် ကျစနစ်ဖြင့် လျှပ်စစ်မီးပေးမည်

Must read

ရန်ကုန်၊ မတ် ၁၉

ရန်ကုန်အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင်တွင် တစ်နေ့ လျှပ်စစ်မီး ၈ နာရီ ပြတ်တောက်မည်ဖြစ်ပြီး တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်တွင် တစ်နေ့ လျှပ်စစ်မီး ၁၂ နာရီ ပြတ်တောက်မည်ဖြစ်ကြောင်း၊ အလှည့်ကျစနစ်ဖြင့် မတ်လ ၁၈ ရက်နေ့မှစတင်ပြီး လျှပ်စစ်မီးပေးနေကြောင်း ရန်ကုန်မြို့လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ထံမှ သိရှိရသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်နှင့်အနောက်ပိုင်းခရိုင်တွင် နံနက် ၅ နာရီမှ ည ၈ နာရီအထိ ၄ နာရီ မီးပြတ်၊ ၄ နာရီ မီးပေးစနစ်ဖြင့် တစ်နေ့လျှင် ၈ နာရီ မီးပြတ်မည်ဖြစ်ကြောင်း၊ ည ၈ နာရီမှ နံနက် ၅ နာရီအထိ မီးပေးထားမည်ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် ရန်ကင်း၊ သင်္ဃန်းကျွန်း၊ သာကေတ၊ တာမွေ၊ တောင်ဥက္ကလာ၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာပ၊ မင်္ဂလာတောင်ညွှန့် ၊ ဒေါပုံ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဗိုလ်တထောင်မြို့နယ်တို့ ပါဝင်ကြောင်း သိရှိရသည်။

ရန်ကုန်အနောက်ပိုင်းခရိုင်တွင် အလုံမြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒဂုံမြို့နယ်၊ လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ ကျောက်တံတား၊ ကြည့်မြင်တိုင်၊ လမ်းမတော်၊ လသာ၊ မရမ်းကုန်း၊ ပန်းဘဲတန်း၊ စမ်းချောင်း၊ ၊ ဆိပ်ကမ်းမြို့နယ်(ဖျက်သိမ်း) တို့ပါဝင်ကြောင်း သိရှိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင်နှင့်မြောက်ပိုင်းခရိုင်တွင် နံနက် ၅ နာရီမှ နောက်တစ်နေ့ နံနက် ၅ နာရီအထိ ၂၄ နာရီအတွင်း ၄ နာရီ မီးလာ၊ ၄ နာရီ မီးပြတ်စနစ်ဖြင့် တစ်နေ့လျှင် ၁၂ နာရီ မီးပြတ်မည်ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင်တွင် ကိုကိုးကျွန်း၊ ဒလ၊ ကော့မှူး၊ ခရမ်း၊ ကွမ်းခြံကုန်း၊ ကျောက်တန်း၊ သန်လျင်၊ ဆိပ်ကြီးခနောင်တို၊ သုံးခွ၊ တွံ့တေးမြို့နယ်များ ပါဝင်ကြောင်း သိရှိရသည်။

ရန်ကုန်မြောက်ပိုင်းခရိုင်တွင် လှိုင်သာယာ၊ လှည်းကူး၊ မှော်ဘီ၊ ထန်းတပင်၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ တိုက်ကြီးမြို့နယ်များပါဝင်ကြောင်း သိရှိရသည်။

စက်မှုဇုန်များကိုမူ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီသာ မီးပေးမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article