31 C
Yangon

ယမန်နေ့ညကာဖျူးအချိန် ကွတ်ခိုင်မှ လားရှိုးသို့ စစ်ကား အစီး ၂ဝ ကျော် မီးပိတ်၍ ဆင်းသွား

Must read

ရန်ကုန်၊ မတ် ၁၉

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့မှ လားရှိုးမြို့သို့ မတ်လ ၁၈ ရက်နေ့ ည ၁၀ နာရီ ၃ဝ မိနစ် ကာဖျူးအချိန်တွင် စစ်ကား အစီး ၂ဝ ကျော် မီးပိတ်၍ ဆင်းသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းသည် ရှေ့တန်း စစ်မျက်နှာပြင်ရှိ တပ်ရင်း တပ်ဖွဲ့များကို ရိက္ခာပို့ဆောင်ခြင်းများ သို့မဟုတ် စစ်လက်နက် ပစ္စည်းများ ပို့ဆောင်ခြင်းဖြစ်နိုင်ကြောင်း သိရသည်။

” ကွတ်ခိုင်ကနေ လားရှိုးဘက်ကို စစ်ကားအစီး၂၀ခန့် ဒီည ၁၀နာရီ ၃၅မိနစ်လောက်က ဆင်းသွားတယ်။ မြို့ထဲကို ဖြတ်တဲ့အချိန်မှာ မီးတွေပိတ်ပြီးမောင်းသွားတာ” ဟု ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ- ယမန်နှစ်နေပြည်တော်တွင် ညအချိန်တွေ့ရသည့် အကြမ်းဖက်စစ်တပ်။

Photo – Reuters

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article