25 C
Yangon

KNU တပ်မဟာ ၃ တွင် လမ်းဖောက်နေသော စစ်ကောင်စီတပ်ဖွဲ့ကို KNLA တိုက်ခိုက်၊ စစ်သာများထွက်ပြေးပြီး အလောင်း ၁ လောင်းကျန်၊ သေနတ် ၃ လက် ရမိ၊ တမူးတွင် စစ်ကောင်စီစခန်း ဝင်တိုက်ခံရပြီး ၁၂ ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၂၀

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်၊ ဝက်ဆီတောင်တွင် မေလ ၁၅ ရက် နံနက် ၅ နာရီခွဲ၌ နယ်မြေကျူးကျော်ကာ လမ်းဖောက်လုပ်နေသော အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၈၉ ယန္တရားတပ်ဖွဲ့များကို KNLA တပ်မဟာ ၃ တပ်ရင်း ၇ တပ်ခွဲ ၃ တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီမှ မြေတူးကားအပါအဝင် ကားများ ပျက်စီးသွားပြီး အလောင်း ၁ လောင်း၊ သေနတ် ၃ လက် ချန်ရစ်ကာ စစ်သားများ ထွက်ပြေးသွားကြောင်း KNU က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ မြေတူးကား ၁ စီး၊ လမ်းကြိတ်စက် ၁ စီး၊ ယာဉ်ငယ် ၁ စီးကို KNLA က ဖျက်ဆီးနိုင်ခဲ့ကြောင်း ဆီကား ၂ စီးနှင့် MA3 ၁ လက်၊ MA2 ၂ လက်ကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။

တိုက်ပွဲတွင် KNLA ဘက်မှ ထိခိုက်မှုမရှိကြောင်းနှင့် အနီးဝန်းကျင်ရှိ ထီးခေးလော်ကျေးရွာနှင့် ကလောသူခီးကျေးရွာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရှိရသည်။

မတ်လ ၁၉ ရက်တွင် စစ်ကောင်စီက လေကြောင်းမှတဆင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျောက်ကြီးမြို့နယ်နှင့် ဆောထိမြို့နယ် ကျေးရွာ ၂ ခုရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ် နဂါးမင်းသမီးရေကန်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ဗမာကျောင်းသားအဖွဲ့အစည်း (BSO) အပါအဝင် တမူး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ မတ်လ ၂၀ ရက် နံနက်၌ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် ၁၂ ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

တမူးမြို့ရှောင်လမ်းရှိ နဂါးမင်းသမီးရေကန် ကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များက ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article