25 C
Yangon

လှိုင်သာယာ၊ သုံးခွ၊ ကလေးမြို့၊ ကျိုက်လတ်၊ ထီးချိုင့်နှင့်ဘီးလင်းတို့တွင် တိုက် ပွဲများဖြစ်ပြီး ဗုံးများပေါက်ကွဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးသေဆုံးပြီး PDF ၄ ဦးကျ

Must read

ရန်ကုန်၊ မတ် ၂၀

လှိုင်သာယာ၊ သုံးခွ၊ ကလေးမြို့၊ ကျိုက်လတ်၊ ထီးချိုင့်နှင့်ဘီးလင်းတို့တွင် တိုက်ပွဲများဖြစ်ပြီး ဗုံးများပေါက် ကွဲကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးသေဆုံးပြီး PDF ၄ ဦးကျဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

လှိုင်သာယာ
===========
မတ်လ ၁၉ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင် လှိုင်သာယာမြို့နယ်၊ အမှတ် ၆ ရပ်ကွက် ပီမိုးနင်းလမ်းမကြီးအနီးတွင် ကင်းပတ်ရန် စုရုံးနေသော စစ်ကောင်စီလက်ပါးစေများကို Yangon Underground Force နှင့် ညီနောင် မဟာမိတ် Black Eagle Ranger က ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

သုံးခွမြို့နယ်
===============
ရန်ကုန်တိုင်း၊ သုံးခွမြိုအခွန်ရုံးနှင့် အမှတ် (၁) ရပ်ကွက်မှ ရပ်ကွက်ရုံးစာရေးမနေအိမ်ကို ယနေည ၇ နာရီ ၄၅ မိနစ်နှင့် ၇ နာရီ ၄၇ မိနစ်တို့တွင် သုံးခွမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(Thongwa Youth Force – T.Y.F) က ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ကလေးမြို့တွင် စစ်သား ၂၄ ဦးသေဆုံး
============================

မတ်လ ၂၀ ရက် ယနေ့နံနက်ပိုင်း ကလေးမြို့နယ် ရေစိုကျေးရွာနှင့် ဟားခါးလေးကျေးရွာ၏ မြောက်ဘက်တောင်ကျောအတွင်း စစ်ကျောင်းလျှောက်ဝင်လာသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲများကို အသင့်နေရာယူစောင့်ဆိုင်းနေသည့် PDF (Kalay), Zomi PDF နှင့် CNDF ပူးပေါင်းတပ်ဖွဲများက နံနက် ၇ နာရီတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နံနက် ၉ နာရီအထိ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် အနည်းဆုံး ၁၅ ဦးခန့်သေဆုံးပြီး ပူးပေါင်းတပ်ဖွဲများဘက်မှ PDF (Kalay) တပ်ဖွဲဝင် ၁ ဦး ထိခိုက် ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများသည် နံနက်ပိုင်းတိုက်ပွဲဖြစ်ပွားရာနေရာမှ ချောင်းခွကျေးရွာဘက်သို ဆုတ်ခွာသွားခဲ့ပြီး၊ ထိုမှတဆင့် အောင်ချမ်းသာကျေးရွာဘက်သို ဦးတည်၍ ဆက်လက်ဆုတ်ခွာနေစဉ် နံနက် ၁၁ နာရီခွဲ အချိန်ခန့်တွင် အောင်ချမ်းသာကျေးရွာ၏ အရှေ့တောင်ဘက် တောတန်းအတွင်း PDF (Kalay)၊ CNDF နှင့် CDF (KKG) ပူးပေါင်းတပ်ဖွဲများက ထပ်မံ၍ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နာရီဝက်ခန့် တိုက်ပွဲပြင်းထန်ခဲ့ကာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် အနည်းဆုံး ၂ ဦး ထပ်မံသေဆုံးကြောင်း သိရသည်။

လွန်ခဲ့သော မတ်လ ၁၇ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများသည် ချောင်းခွကျေးရွာနှင့် အောင်ချမ်းသာကျေးရွာအကြားတွင် ၎င်းတို့၏ စစ်ကြောင်းအချင်းချင်း မှားယွင်းပစ်ခတ်မိပြီး ၇ ဦး ထပ်မံသေဆုံးခဲ့ကြောင်းကိုလည်း သိရပါသည်။

ထီးချိုင့်တွင် စစ်သား ၂၄ ဦးသေဆုံးပြီး PDF ၄ ဦးကျဆုံး
==========================================

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် မတ်လ ၁၆ ရက်နေ့ နံနက် (၆)နာရီအချိန်တွင် စစ်ကောင်စီတပ်များက ကြက်တကောင်ရွာမှ အင်ဒေါင်းရွာထဲသို့ လက်နက်ကြီးစတင်ပစ်ခတ်ပြီးနောက်ပိုင်း တိုက်ပွဲစတင်ဖြစ်ခဲ့ကြောင်း၊ အပြန်အလှန်လက်နက်ကြီးလက်နက်ငယ်များဖြင့် ၄နာရီခွဲကြာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင် စီတပ်ဖွဲ့ဝင် ၂၄ဦးခန့်သေဆုံးခဲ့ပြီး ၆ဦး ခန့်ဒဏ်ရာရခဲ့ကြောင်း၊ လက်နက် (၂)လက် မိုင်း(၂)လုံးနှင့်အတူ PDF ၄ ဦးကျဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

ကျိုက်လတ်ရဲစခန်း ဗုံးခွဲခံရ
=====================
မတ်လ ၁၉ ရက်နေ့ ဧရာ၀တီတိုင်း၊ ကျိုက်လတ်မြို့နယ်၊ ထရော်ရွာသစ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း ကို PDF-KL ၏ ညီနောင်မဟာမိတ်များဖြစ်သော ဖျာပုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု-ဧရာဗေဒါ(ကျိုက်လတ်) နှင့် ကျိုက်လတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျိုက်လတ် ပ-က-ဖ) တို့ကအဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဘီလင်းမြို့အထွက်တွင် တိုက်ပွဲဖြစ်
==========================

မွန်ပြည်နယ်ဘီးလင်းမြို့အထွက် ၃မိုင်ခန့် ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးဘေး တောင်ကုန်းတွင် ယနေ့ တိုက်ပွဲဖြစ်ပွားကြောင်း ၊ ကားများ ပိတ်ဆို့မှု နာရီပေါင်းများစွာ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်သားများ။

Photo – Getty Image ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article