25 C
Yangon

ကမာရွတ်မီဒီယာ တွဲဖက်တည်ထောင်သူ ဦးဟံသာညိန်းကို စစ်ကောင်စီကတရားရုံးက ထောင်ဒဏ်(၂) နှစ်ချမှတ်

Must read

ရန်ကုန်၊ ‌မတ် ၂၁

စစ်ကောင်စီ ကမတရားဖမ်းဆီးထားတဲ့ ကမာရွတ်မီဒီယာ တွဲဖက်တည်ထောင်သူ၊အယ်ဒီတာ ဦးဟံသာညိန်းကို စစ်ကောင်စီလက်အောက်ခံ အင်းစိန်ထောင်တွင်းတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၂)နှစ်ချမှတ်လိုက်တယ်လို့သ တင်းရရှိပါတယ်။

စစ်ကောင်စီက ဦးဟံသာညိန်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅-က နဲ့ မတရားစွပ်စွဲ တရားစွဲပြီး ထောင်ဒဏ် ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် သတင်းသမားတွေကို ပစ်မှတ်ထားဖမ်းဆီးစဉ် ၂၀၂၁ ခုနှစ်မတ်လ ၉ ရက်နေ့မှာ ရန်ကုန်ရှိ ကမာရွတ်မီဒီယာရုံးခန်းကို ဝင်ရောက်စီးနင်းပြီးနောက်၊ အယ်ဒီတာချုပ် ဖြစ်တဲ့ ဦးနေသန်မောင်နဲ့ ကမာရွတ်မီဒီယာ တွဲဖက်တည်ထောင်သူ အသက် ၄၀ အရွယ် ဦးဟံသာညိန်းတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဉီးဟံသာညိန်းကို မတရား ဖမ်းဆီးပြီးတစ်နှစ်ကျော်ကြာမြင့်တဲ့အချိန်မှာမှ ထောင်ဒဏ် ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article