25 C
Yangon

စစ်ကောင်စီ စီစဉ်တဲ့ သင်္ကြန်မှာ လာရောက်ဖျော်ဖြေဖို့ ငှားရမ်းခံရတဲ့ Rave Republic DJတေးဂီတအဖွဲ့က ဖျော်ဖြေရန် အစီအစဥ်ဖျက်သိမ်း

Must read

ရန်ကုန် | မတ် ၂၁

မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီ ဦးဆောင်ကျင်းပမယ့် နေပြည်တော်သင်္ကြန်မှာ လာရောက်ဖျော်ဖြေမယ့် Rave Rebuplic DJ တေးဂီတအဖွဲ့က မြန်မာပြည်သူတွေရဲ့တောင်းဆိုမှုကြောင့် ဖျော်ဖြေမှုအစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီလို့ မနေ့က သူတို့ရဲ့ အင်တာနက် လူမှုကွန်ယက်စာမျက်နှာတွေကနေတဆင့် ကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေကို သေသေချာချာမသိရှိခဲ့တာကြောင့် အခုလိုလာရောက်ဖျော်ဖြေဖို့ ကမ်းလှမ်းတာကိုလက်ခံမိခဲ့တာဖြစ်ပြီး မြန်မာပြည်သူတွေရဲ့ လူမှုကွန်ယက်က မှတ်ချက်ပေးပို့တာတွေ၊ emailတွေနဲ့ သတင်းစကားပါးမှုတွေကို တွေ့ရှိပြီးတဲ့နောက် အားလုံးသဘောတူညီမှုနဲ့ အခုလိုဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာလို့ Rave Rebuplic ကဆိုပါတယ်။

Rave Republic DJတေးဂီတအဖွဲ့ဟာ နိုင်ငံတကာမှာ ထင်ရှားတဲ့ စင်္ကာပူအခြေစိုက် တေးဂီတအဖွဲ့တစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံက အခြေအနေတွေတိုးတက်ကောင်းမွန်လာချိန်မှာ ပြန်လည်တွေ့ဆုံဖို့မျော်လင့်ပါတယ်လို့လည်း Rave Republic က မြန်မာပြည်သူတွေကို သတင်းစကားပါးလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက နေပြည်တော်၊ ရန်ကုန်၊ မန္တလေးစတဲ့မြို့ကြီးတွေမှာသင်္ကြန်ကာလအတွင်း လူစည်ကားအောင်ဆောင်ရွက်ဖို့ကြံရွယ်နေသလို မကြာသေးခင်အချိန်ကလည်း စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်စည်းကမ်းတွေ ဖြေလျော့ပေးထားပြီး လူ၄၀၀အထိ စုဝေးခွင့်ပြု့ထားပါတယ်။

ဓါတ်ပုံ – Rave Republic

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article