ရန်ကုန်၊ မတ် ၂၅
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ရှိ အိန္ဒိယ-မြန်မာနယ်စပ် တံတားပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ အသုံးပြုသော အလံကို ဖြုတ်ချပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF အလံကို လွှင့်ထူထားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
အဆိုပါ နယ်စပ်ကုန်သွယ်ရေးတံတားသည် ရိခေါဒါရ်မြို့နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်ထားသော ကုန်သွယ်ရေးနယ်စပ်တံတားတခုဖြစ်သည်။
ရိခေါဒါရ်မြို့ဘက်ခြမ်း နယ်စပ်ကုန်သွယ်ရေးတံတားထိပ်တွင် ယခင်က ၂၀၀၈ ခုနှစ်မှစတင်ကာ စစ်တပ်က အသုံးပြုခဲ့သည့် အလံကို ဖြုတ်ချကာ CNDF အလံလွှင့်ထူထားခြင်းလည်း ဖြစ်သည်။
ရိခေါဒါရ်မြို့အနီး တောင်ကုန်းများပေါ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့စခန်းများကို ချင်းပူးပေါင်းတပ်ဖွဲ့များက မတ်လ ၅ ရက်မှ စတင်ကာ ဝင်ရောက်တိုက်ခိုက်နေခဲ့ပြီး တိုက်ပွဲများကြောင့် ဒေသခံအများအပြား မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း သိရှိရသည်။



