25 C
Yangon

ခရမ်းမြို့နယ်၊ ဘုရားပျိုရဲစခန်း တိုက်ခိုက်ခံရမှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေပြီး ၃ ဦးဒဏ်ရာရ၊ ရန်ကုန်တွင် ဖောက်ခွဲမှုများနှင့် ဆန္ဒပြမှုများကြောင့် စစ်ကောင်စီတပ်များ ပြာယာခတ်

Must read

ရန်ကုန်၊ မတ် ၂၈

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ဘုရားပျိုရဲစခန်းကို ယနေ့ တွင် ခရမ်း PDF က ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း ခရမ်း PDF က သတင်းထုတ်ပြန်သည်။

ယနေ့ မတ်လ ၂၈ ရက်နေ့ ဘုရားပျိုရဲစခန်းကို ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင် စီ တပ်နှင့် ခရမ်း-PDF အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ထို့ပြင် ဘုရားပျိုရဲစခန်းတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်မှ ၁ ဦးသေ၊ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး ရဲစခန်းအတွင်း အဆောက်အဦးအချို့ ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရှိရသည်။

မတ်လ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တွင် ရန်ကုန်တစ်တိုင်းလုံးတွင် ဆန္ဒပြမှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြာယာခတ်သွားကြောင်း စစ်တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ယမန်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်အချိန် စမ်းချောင်းမြို့နယ် စမ်းချောင်းမြောက် ရပ်ကွက်၊ ဗဟိုလမ်းနှင့် စမ်းချောင်းလမ်းထောင့် တွင် လူငယ်များ စုဝေးဆန္ဒပြကြပြီးနောက် Bluetooth Box ၁ လုံးတွေ့ရှိရသဖြင့် အမှတ် ၉၀၅ စစ်မြေပြင်အင်ဂျင်နီယာတပ်က လာရောက်ရှင်းခဲ့ရကြောင်း၊ မိုင်းနှင့်ပတ်သက်သည့် ပစ္စည်းအစအနတခုမှမတွေ့ရကြောင်း သိရှိရသည်။

မတ်လ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်အချိန် အမှတ် ၁၃ တပ်ရင်းမှ စစ် ကြောင်း ၂ မှူး ဗိုလ်မှူးထွန်းထွန်းစိုး ခေါင်းဆောင်သော စစ်ကြောင်းက မြောက်ဥက္ကလာပမြို့မရဲစခန်း၊ အနောက်မြောက်ဘက် ၆ ဖာလုံ အကွာ Happy ဖုန်းဆိုင်ရှေ့ လူငယ်များ ဆန္ဒပြနေကြကြောင်း သိရှိရ၍ သွားရောက် ဖမ်းဆီးရာ အလျား ၁၀ ပေ၊ အနံ ၄ ပေ ပိတ်စအဖြူပေါ်တွင် ဆေးအနီရောက်အောက်ခံ၍ အဖြူရောင်စာလုံးဖြင့် “ဘုံရန်သူ ဖက်ဆစ်တပ် တော်လှန်ခြင်းနဲ့ အမြစ်ဖြတ်” ၊ “လူမှုကွန်ယက် သိမ်းပိုက်ဖို့ ကီးဘုတ်ဖိုက်တာများ စုစည်းစို့” ခေါင်းစဉ်ဖြင့် ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း၊) စာသားတွေ့ရှိရကြောင်း၊ အဆိုပါနေရာတွင် လူငယ် ၇ ဦးသည် ဆန့်ကျင်စာသားပါ ပိတ်စ ၁ ခု၊ မီးတုတ် ၁ ချောင်းတို့အား ကိုင်ဆောင်၍ “ဒီမိုကရေစီရရှိရေး၊ ဒို့အရေး ဒို့အရေး၊ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ် ၊ ဒို့ပြည်သူတွေညီရဲ့လားဟေ့ ညီတယ်ဟေ့ ညီတယ်ဟေ့ အရေးတော်ပုံ အောင်ရမည်” စသည့် ဆန့်ကျင်ကြွေးကြော်သံများ ကြွေးကြော်ခြင်း၊ မေဓာဝီလမ်းမှ ဝေဘာဂိလမ်း ၆ ကွေ့ဘက်သို့ ထွက်သွားကြောင်း သိရှိရ၍ လိုက်လံ ဖမ်းဆီးသော်လည်း မမိကြောင်း ရဲကြေးနန်းတွင် ရေးသားထားသည်။

အလားတူ မတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန် ရွှေပြည်သာတံတား သံဘောင်ပေါ်တွင် လူပုံသဏ္ဍာန်အရုပ်ပေါ်တွင် “**”ဖက်ဆစ်စစ်တပ်အမြစ်ဖြတ် “”** စာရေးသားမှုချိတ်ဆွဲထားသည်ကို တွေ့ရှိရ၍ အင်းစိန်မြို့နယ် ရှေ့တန်းအမှတ် ၄ တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး ရဲကျော်သူက ဖြုတ်သိမ်းရပြီး ဖမ်းဆီးနိုင်ရေး လုပ်ဆောင်နေရကြောင်း ရဲကြေးနန်းက ဆိုသည်။

ထို့ပြင် မတ်လ ၂၇ ရက်နေ့ ရန်ကုန် – ပုသိမ် လမ်းဘေး FMI CITY အိမ်ရာအနီး ပေါက်ကွဲမှုဖြစ် ပြီး ၃ ဦးဒဏ်ရာရှိကြောင်း၊ ညနေ ၃ နာရီတွင် သာကေတ ၉ ရပ်ကွက် ၊ ရတနာပုံလမ်း ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး ပေါက်ကွဲမှုဖြစ်ပွားကြောင်း၊ အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက် ဘုရင့်နောင်လမ်းမကြီး ညောင်ပင်သာဘုန်းကြီးကျောင်းအနီး ပေါက်ကွဲမှုဖြစ်ပွား၊ပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတခုထပ်တွေ့ရကြောင်း၊ အမှတ် ၉၀၅ အင်ဂျင်နီယာတပ်မှ အင်အား ၁၀ ခန့်ဖြင့် အဝေးထိန်းမိုင်း ၁ လုံးကို တွေ့ရှိ ဖျက်ဆီးသွားရကြောင်း သိရှိရသည်။

မတ်လ ၂၆ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် တွံတွေးမြို့နယ်တလုတ္တော်ကျေးရွာအုပ်စု၊ တွံ့တေးမြို့ရှောင်လမ်းရှိ Dream Land စားသောက်ဆိုင်ရှေ့ အုတ်တံတိုင်းဘေး အမဲရောင် လက်လုပ်မိုင်းတွေ့ရှိရသဖြင့် အမှတ် ၉၀၅ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီးလှမင်းဦးစီးအဖွဲ့က ဖောက်ခွဲ ဖျက်ဆီးလိုက်ရကြောင်း ရဲကြေးနန်းများအရ သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်နှင့် အကြမ်းဖက်ရဲများ။

Photo – Agencies

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article