25 C
Yangon

မြိုင်မြို့နယ်၊ ဗဟင်းရဲစခန်းကို ဝင်တိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး၊ လေကြောင်းပစ်ခတ်မှုလုပ်၍ PDF များ ပြန်လည်ဆုတ်ခွာခဲ့ရ

Must read

ရန်ကုန်၊ မတ် ၂၈

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာရှိ ရဲကင်းစခန်းကို PDF များက ယနေ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးခဲ့ကာ စစ်တပ်က လေကြောင်း ပစ်ခတ်မှုများ လုပ်ဆောင်၍ PDF များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

မတ်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်မှစတင်ပြီး ညနေ ၄ နာရီအထိ မကွေးတိုင်း၊မြိုင်မြို့နယ် ဗဟင်းကျေးရွာရှိ ရဲကင်းစခန်းကို Myaing Villages Revolution Front ( MVRF ) ၊ PRA ၊ကျားသစ်နက်၊ ပုလဲ (ပကဖ)၊PPDG၊ Tiger အဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေစဉ်တွင် စစ်ကောင်စီဘက်မှ Jet Fighter တစ်စီးလာ၍ မနားတမ်း တရစပ် ပစ်ခတ်သောကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပြန်လည်ဆုတ်ခွာလာခဲ့ရကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးပြီး PDF ရဲဘော် ၂ ဦး အသေးစားဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- မကွေးတိုင်းရဲတပ်ဖွဲ့ဝင်တချို့။

Photo – Original Uploader

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article