30 C
Yangon

မဘသ၊ YMBA ကဲ့သို့ ဘာသာရေး အစွန်းရောက် အမျိုးသားရေးသမားများ ပါဝင်သည့် ပြည်သူ့လုံခြုံရေး အမည်ခံအဖွဲ့များ စမ်းသပ် ဖွဲ့စည်းရန် အကြမ်း ဖက် ခေါင်းဆောင် မင်းအောင်လှိုင် လျှို့ဝှက် ညွှန်ကြား

Must read

ရန်ကုန်၊ မတ် ၂၉

မဘသ၊ YMBA ၊ ပြည်သူ့စစ်၊ ရဲ၊ စစ်မှုထမ်းဟောင်း ၊ ကြက်ခြေနီ၊ မီးသတ် အပါအဝင် စစ်တပ်ထောက် ခံသူများ ပါဝင်သည့် ပြည်သူ့လုံခြုံရေး အမည်ခံအဖွဲ့များ စမ်းသပ် ဖွဲ့စည်းရန် အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်က လျှို့ဝှက် ညွှန်ကြားထားကြောင်း သိရှိရသည်။

မတ်လ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်သော စစ်ကောင်စီ လုံခြုံရေးအစည်း အဝေးတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ ညွှန်ကြားခြင်းဖြစ်ပြီး မင်းအောင်လှိုင်၏ ညွှန်ကြားချက်ကို ဝန်ကြီးဌာနများအလိုက် ထပ်မံ၍ ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

မင်းအောင်လှိုင်၏ ညွှန်ကြားချက်တစ်ခုအဖြစ် ပြည်သူ့လုံခြုံရေးအမည်ခံ အဖွဲ့များ ဖွဲ့စည်းရန် ပါဝင်လာခြင်းဖြစ်ပြီး အဆိုပါ ပြည်သူ့လုံခြုံရေးအမည်ခံ အဖွဲ့များတွင် ရဲတပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ပြည်သူ့စစ် အဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့ ၊ ဒေသအကျိုးလိုလားသူ(စစ်တပ်ထောက်ခံသူ)၊ အချို့ပါတီများနှင့် YMBA ကဲသို့သော အသင်းများ(မဘသ ပါဝင်) ပေါင်းစပ်၍ စမ်းသပ် ဖွဲ့စည်းဆောင်ရွက်ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။

“အမြန်ဆုံး ဖွဲ့စည်းခိုင်းတယ်။ တောရော မြို့ရော ရပ်ကွက် ကျေးရွာအကုန် ပြည်သူ့လုံခြုံရေးအဖွဲ့ ဆိုတာ မျိုး ဖွဲ့ခိုင်းတယ်။ လက်နက်ကတော့ လိုအပ်ရင် ထပ်တပ်ပေးမယ်။ လက်နက်ကိုင် ရဲတို့ ပြည်သူ့စစ်တို့ ပါပြီးသားပေမယ့် ဒါအောင်မြင်ရင်လည်း လက်နက်ထပ်တပ်ပေးမယ်လို့ နားလည်မိတယ်” ဟု ရဲသတင်းရင်းမြစ်က ပြောသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့စစ် အမည်ခံ အဖွဲ့များ ဖွဲ့စည်းထားသော်လည်း အလုပ်မဖြစ်၍ ထပ်မံ၍ ပြည်သူ့လုံခြုံရေးအဖွဲ့ အမည်ဖြင့် ထပ်မံ၍ စမ်းသပ်ဖွဲ့စည်းရန် ဆောင်ရွက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article