ရန်ကုန်၊ မေ ၄
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၂မှ ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး ပြည်သူကာကွယ်ရေး LDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယမန်နေ့ မေလ ၃ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ် ကပစ ၂၂မှ ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်း ဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးကာ၊ ထိခိုက်ဒဏ်ရာရှိသူများပြားခဲ့ပြီး တော် လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
” စစ်ခွေး စစ်ကြောင်းကို မဟာမိတ်ပူးပေါင်းအဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးသေစာရင်းကတော့ ခန်မှန်းခြေ စစ်ခွေး ၅ကောင်သေတယ်။ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့ သိရတယ်။ စစ်ခွေးဘက်က လက်နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုးမရှိပါဘူး”ဟု ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး ပြည်သူကာကွယ်ရေး LDF မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ပေါက်တောင်ပိုင်း၊ ဗိုလ်နားပေါက်အဖွဲ့နဲ့အတူ၊ မြို့နယ်ပကဖအဖွဲ့၊ ဆိပ်ဖြူနယ် တကိုယ် တော်ကျားဇိုးတိုနှင့် အတူပူးပေါင်းလုပ် ဆောင်ခဲ့ခြင်းဖြစ်ကာ၊တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
လတ်တလော စစ်တပ်က ဆိပ်ဖြူ-ပေါက်လမ်းပိုင်းနှင့် ပုသိမ်-မုံရွာ လမ်းပိုင်းပိုင်းများကို မကြာခဏ စစ်ကြောင်းထိုးနေခြင်းကြောင့် ပုသိမ်- မုံရွာလမ်းပိုင်းကို အသုံးမပြုကြရန် တောလှန်ရေးတပ်များက တိုက်တွန်း နှိုးဆော်ထားသည်။
အလားတူ ပဲခူးတိုင်း ၊ နတ်တလင်းမြို့နယ် ကျေးရွာများကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Ayeyar NyiNaung အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဧပြီလ ၁၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် နတ္တလင်းမြို့နယ်၊ ထန်းတောကျေးရွာမှ လယ်မအင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်သား နှင့် ပျူစောထီးတပ်ဖွဲ့ဝင်များအား တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၆)ဧရာညီနောင်စစ်ကြောင်း မှ ထန်းတောရွာနှင့် လယ်မအင်းရွာကြားရှိ မိုင်းကွင်းချထားသော နေရာအရောက်တွင် ကြိုတင်စောင့်ဆိုင်း၍ မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင်းသိရှိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံးကာ၊ ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး၊ တိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်တွင် အရပ်သား ထိခိုက်မှုနှင့် ပစ္စည်းအဆုံးအရှုံးများ မရှိခဲ့ကြောင်းသိရှိရသည်။
ဓာတ်ပုံ- တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးနေသော စစ်ကား ၁ စီး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




