31 C
Yangon

မင်းတပ်တွင် စစ်ကောင်စီတပ်အင်အား ၂၅၀ ဝန်းကျင်ဖြင့် တက်လာနေပြီး ဆက်လက်တိုက်ပွဲပြင်းထန်နိုင်

Must read

ရန်ကုန်၊ မတ် ၂၉

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်တပ်က အင်အား ၂၅၀ ဝန်းကျင်ဖြင့် တက်လာနေပြီး ဆက်လက် တိုက်ပွဲပြင်းထန်နိုင်ကြောင်း CDF မင်းတပ်ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းဟာအွမ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ဒီနေ့ ၁၂ နာရီခွဲလောက်က မင်းတပ် မတူပီ လမ်းမှာပဲ တိုက်ပွဲပြင်းထန်ပြီး ရှေ့တန်းက ရောက်နေတဲ့ တပ်မဟာမှူးက ပြောပြပေးတဲ့ အခြေအနေအရ တိုက်ပွဲက ပြင်းထန်တယ်။ မိုင်းဆွဲတာ ရှိတယ်။ နှစ်ဖက် ပစ်ခတ်မှုရှိတယ်။ CDF ကတော့ တစ်စုံတစ်ရာ ထိခိုက်မှု မရှိဘဲနဲ့ စကစ ဘက်က ၁၅ ယောက်သေဆုံးပြီးတော့ ဒဏ်ရာအများရရှိတယ်လို့ သတင်းရရှိပါတယ်။ နောက်ဆုံးရတဲ့ သတင်းအရတော့ တိုက်ပွဲ ဖြစ်ပြီး ခဏငြိမ်သွားတယ်လို့ သတင်းရပါတယ်။ စကစ ဘက်က အင်အားကတော့ ကျွန်တော်တို့ ခန့်မှန်းတာ ၂၀၀ နဲ့ ၂၅၀ ကြားထဲ ရှိမယ်လို့ ယူဆပါတယ်။ လက်ရှိအနေအထားကတော့ ရှေ့ကို တိုးတိုက်ပွဲ ဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဘက်က ဆက်သွယဖို့က ဖုန်းလိုင်းတွေလည်း ဖျက်ထားတဲ့အတွက် အားလုံးက သတင်းကတော့ အချိန်နဲ့ တစ်ပြေးညီတော့ မရပါဘူး” ဟု CDF Mindat သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

ချင်းပြည်နယ် မင်းတပ်-မတူပီ လမ်းမကြီးတစ်နေရာတွင် ယနေ့ မတ် ၂၉ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီနှင့် CDF Mindat တို့ တိုက်ပွဲများ လက်ရှိအချိန်အထိ ဖြစ်ပွားလျက်ရှိပြီး CDF Mindat ၏မိုင်းဆွဲတိုက်ခိုက်မှုနှင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း CDF Mindat က သတင်းထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီဘက်မှ မင်းတပ်မြို့နယ်တွင်တစ်ဝိုက်တွင် သတင်းအမှောင်ချရန် ရည်ရွယ်ချက်ရှိရှိ ဖုန်းလိုင်းများလည်း ကြိုတင် ဖြတ်တောက်ထားကြောင်း CDF Mindat ထံမှ သိရှိရသည်။

ဓာတ်ပုံ- CDF မင်းတပ်တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article