25 C
Yangon

အရာတော် ပါရမီကျေးရွာသား လေဖြတ် ဝေဒနာ ခံစားနေရသည့် အဘိုး ဦးညွန့်ရွှေကို စစ်တပ်က မီးရှို့ သတ်ဖြတ်

Must read

ရန်ကုန်၊ မတ် ၂၉

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ပါရမီကျေးရွာတွင် နေထိုင်သော အသက် ၆၇နှစ်အရွယ် အဘိုး ဦးညွန့်ရွှေကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ မတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁နာရီခန့်တွင် မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

နောင်ကြီးအိုင်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ပြည်သူများအား ကြိုးတုပ်ဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ပြီး ပါရမီကျေးရွာအတွင်းသို့ ဝင်ရောက် စီးနင်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက် စီးနင်းပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် အပြစ်မဲ့ပြည်သူများ၏ နေအိမ် ၃လုံး မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အတွင်း၌ လေဖြတ် ဝေဒနာ ခံစားနေရသောကြောင့် ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့သည့် အသက် ၆၇ နှစ်အရွယ် အဘိုး ဦးညွန့်ရွှေလည်း မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

Photo – အရာတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article