25 C
Yangon

ဗိုလ်တထောင်မြို့နယ်ရှိ မြဝတီဘဏ် နှင့် MyTel အရောင်းဆိုင်တို့ တစ်ချိန်တည်းဗုံးပေါက်ကွဲ၊ သန်လျင်တွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ ဖိုးအေးနှင့်အပေါင်းအပါများ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၂၉

ရန်ကုန်ဗိုလ်တထောင်မြို့နယ်ရှိ မြဝတီဘဏ် နှင့် MyTel အရောင်းဆိုင်တို့တွင် ယနေ့နံနက်ပိုင်း တစ်ချိန်တည်းဗုံးပေါက်ကွဲကြောင်း တော်လှန်ရေးအဖွဲ့များထံမှ သိရှိရသည်။

မတ်လ ၂၉ ရက်နေ့ နံနက် ၇ နာရီ ဝန်းကျင်ခန့်တွင် ဗိုလ်တစ်ထောင်မြို့နယ် အတွင်းရှိ မြဝတီဘဏ် နှင့် MyTel အရောင်းဆိုင် ၂ ခု ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက ဗုံး ၃ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက် ခဲ့ကြောင်း၊ ဖောက်ခွဲမှုများကြောင့် ထိခိုက်ပျက်စီးမှုများရှိနိုင်သော်လည်း ဖောက်ခွဲရေးမလုပ်မီ ဗုံးတစ်လုံးကို အကြမ်းဖက်စစ်တပ်ဘက်ရှာဖွေတွေ့ရှိသွား၍ ချိန်ကိုက်မိုင်း ၃လုံးအနက် တစ်လုံးမှာ ဖျက်ဆီးခံလိုက်ရကြောင်း သိရှိရသည်။

စစ်တပ်ပိုင်လုပ်ငန်းများနှင့် ထုတ်ကုန်များကို သပိတ်မှောက်ကြရန် တော်လှန်ရေးအဖွဲ့များက နည်းမျိုးစုံဖြင့် အသိပေးခဲ့ပြီးဖြစ်ပြီး ပြီးခဲ့သည့်ဇန်ဇဝါရီလ ၂၅ ရက်နေ့ကလည်း ရန်ကုန်မြို့ရှိ မြန်မာဘီယာရောင်းချနေသော ဆိုင် ၁၅ ဆိုင်အား မြို့ပြပြောက်ကျားတပ်ဖွဲ့များမှ ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်တပ်ပိုင်လုပ်ငန်းများနှင့် ထုတ်ကုန်များကိုလည်း ဆက်လက် ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်ကြောင်းတော်လှန်ရေးအဖွဲ့များက သတိပေးထားသည်။

အလားတူ ရန်ကုန်တိုင်း၊ သုံးခွမြို့နယ် မကျီးပေါက္ကံကျေးရွာတွင် စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသည့် ရွာခံလူမိုက်ဖိုးအေးနှင်အပေါင်းပါးများကို သိုက်တူးကန်လမ်းဆုံတွင် ယနေ့ မွန်းလွဲ ၂နာရီ၄၀မိနစ်အချိန်ခန့် သန်လျင်ဗိုလ်နဂါးတပ်ဖွဲ့က ပစ်ခတ်တိုက်သဖြင့် သေဆုံးသွားကြောင်း သန်လျင်ဗိုလ်နဂါးအဖွဲ့ထံမှ သိရှိရသည်။

သုံးခွမြို့နယ်မှ လူမိုက်ဖိုးအေးနှင့်အဖွဲ့က စစ်တပ်နှင့်ပူးပေါင်း၍ ရွာထဲတွင် ကြက်ဝိုင်းများပြုလုပ်ခြင်း၊အများပြည်သူကို နှိပ်စက်ခြင်းအပါအဝင် မကောင်းမှု ရာဇဝတ်မှုများ လုပ်ဆောင်သဖြင့် တိုင်ကြားမှုများရှိ၍ ရှင်းလင်းခြင်း ဖြစ်ကြောင်း သန်လျင်ဗိုလ်နဂါး အဖွဲ့က ထုတ်ပြန်ထားသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် အသတ်ခံရသော ဖိုးအေးနှင့်အပေါင်းအပါများသည် စစ်ကောင်စီသတင်းပေးနှင့် စစ်ကောင်စီအတွက် အလုပ်လုပ်နေသူများ ဟုတ်၊ မဟုတ်အတည်ပြုနိုင်ခြင်းမရှိပေ။

“၂ ဦးသေဆုံးတယ်။ ၄ ဦးက ဒဏ်ရာရသွားတယ်။ ဒဏ်ရာရသူတွေကလည်း သေဖို့များတယ်။ အခုဒဏ်ရာရသူ ၁ ဦး ထပ်သေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ- ရန်ကုန်ဗိုလ်တထောင်ရှိ Mytel ဆိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article