25 C
Yangon

ချင်းမိုင် NCA-S EAO ညီလာခံ KNU ကိုယ်စားတက်ရောက်ခြင်းမဟုတ်ဘဲ တသီးပုဂ္ဂလက တက်ရောက်ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးပြော

Must read

ရန်ကုန်၊ မတ် ၂၉

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် NCA-S EAO ထိပ်သီးခေါင်းဆောင်များ ညီလာခံ KNU ကိုယ်စားတက် ရောက်ခြင်းမဟုတ်ဘဲ တသီးပုဂ္ဂလက တက်ရောက်ခြင်းဖြစ်ကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးပြော ဆိုကြောင်း သိရှိရသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးထားသော တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ စတုတ္ထအကြိမ် ထိပ်သီးခေါင်းဆောင်များညီလာခံ (ဒုတိယပိုင်း) ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့မှ စတင်ပြီး မျက်နှာချင်းဆိုင်နှင့် Video Conferencing နည်း နာနှစ်မျိုးဖြင့် ကျင်းပလျက် ရှိကြောင်း၊ ညီလာခံကို လာမည့် ဧပြီလ (၂) ရက်နေ့အထိ ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။

“ကျနော်လာခဲ့တာ ဘယ်သူ့ကိုမှ ကိုယ်စားပြုပြီး လာခဲ့တာမဟုတ်ဘူး။ ကျနော့်ကို ကျနော် ကိုယ်စားပြုပြီးလာခဲ့တာဖြစ်တယ်။ ခပ်တိုတိုပဲ ပြောချင်ပါတယ်။ ဒီနေ့တိုင်းပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခဟာ အခုလိုပွဲမျိုးနဲ့ ကျနော်တို့ အခုလိုပွဲမျိုးနဲ့ ဆက်ပြီး လှုပ်ရှားသွားဖို့ မဖြစ်ပါဘူး။ ဒီအတိုင်းပဲ သွားကြမယ်ဆိုရင် ကျနော်ပြောရဲပါတယ်။ ကျနော်တို့ ရည်မှန်းထားတဲ့ ငြိမ်းချမ်းရေး လူမျိုးချင်းမတူသော် လည်း ကျနော်တို့ ရည်မှန်းထားတဲ့ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးက ဖြစ်လာမှာမဟုတ်ပါဘူး” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောဆိုသည်။

အဆိုပါ ညီလာခံဖွင့်ပွဲအခမ်းအနားဦးဆောင်သဘာပတိများအဖြစ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာ တို့က ဆောင်ရွက်ခဲ့ကြပြီး ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ဗိုလ်ချုပ်ကြီး ယွက်စစ်တို့က ညီလာခံဖွင့်ပွဲအခမ်းအနား အဖွင့်အမှာစကားများအား အသီးသီး ပြောကြားခဲ့ကြသည်။

ယင်းနောက် အထူးဖိတ်ကြားထားသူများအဖြစ် အောက်ဖော်ပြပါ နိုင်ငံတကာသံတမန်များ အပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းများမှ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြပြီး ညီလာခံဖွင့်ပွဲအခမ်းအနားနှုတ်ခွန်းဆက်အမှာစကားများ ပြော ကြားခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ညီလာခံသို့ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီး Mr. Francois Lafreniere၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီး Mr. Pekka Shemeikka ၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး Ms. Hilde Solbakken ၊ ဩစတြေးလျနိုင်ငံမှ သံတမန်ဖြစ်သူ Mr. Bryan Bong
၊ အီတလီနိုင်ငံမှ Deputy Head of Mission ဖြစ်သူ Mr. Andrea Ferrara ၊ ဆွစ်ဇာလန်နိုင်ငံမှ လူသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Thomas Meier Nidecker၊ USAID မှ ယာယီဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Pamela Fessendenတို့ တက်ရောက်သည်ဟု တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရှိရသည် ။

မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာက ညီလာခံဖွင့်ပွဲအခမ်းအနား၏ နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း၊ စတုတ္ထအကြိမ် NCA-S EAO ထိပ်သီးခေါင်းဆောင်များညီလာခံဖွင့်ပွဲအခမ်း အနား သို့ ညီလာခံဖွင့်ပွဲဦးဆောင်သဘာပတိများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦး ဆောင် အဖွဲ့၏ ဦးဆောင်မှုအလုပ်အဖွဲ့ အဖွဲ့ဝင်များ၊ PPST ၏ အကြံပေးပုဂ္ဂိုလ်၊ NCA-S EAO မှ ခေါင်း ဆောင်ကိုယ်စားလှယ်များ၊ NCA-S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ၏ ဦးဆောင်မှု မြှင့်တင်ရေးအစီအစဉ် (WLPP)မှ ညှိနှိုင်းရေးမှူး၊ နိုင်ငံတကာ သံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လေ့လာသူများ စုံစုံညီညီ တက်ရောက်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article