29 C
Yangon

ဘီးလင်း၊ ရွှေရောင်ပြကျေးရွာအနီး စစ်တပ်က ပစ်သတ်လိုက်သော အသက် ၆ နှစ်အရွယ် မောင်ကြယ်စင်မင်းနှင့်အသက် ၉ နှစ်အရွယ် မောင်မောင်ညီညီဇော်တို့နှစ်ဦးကို သဂြိုလ်ပြီးစီး

Must read

ရန်ကုန်၊ မတ် ၃၀

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီးတွင် ယမန်နေ့ မတ်လ ၂၉ ရက်နေ့ စစ်တပ်က အသက် ၆ နှစ်အရွယ် မောင်ကြယ်စင်မင်းနှင့် အသက် ၉ နှစ်အရွယ် မောင်ညီညီဇော်တို့နှစ်ဦးကို ပစ်သတ်လိုက်ပြီး မောင်ကြယ်စင်မင်းနှင့်မောင်ညီညီဇော်တို့၏ ရုပ်အလောင်းများကို သထုံမြို့နယ် မြေနီကုန်း သုဿာန်တွင် ယနေ့ မွန်းလွဲ ၂ နာရီအချိန် သဂြိုလ်ပြီးစီးပြီဖြစ်သည်။

မတ်လ ၂၉ ရက်နေ့ နေ့လယ်ပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် အဝေးပြေးကားလမ်းအတိုင်း စစ်ကားများဖြင့် သွားလာနေစဉ် ကားပေါ်မှ ခရီးသည်တင်ကားများနှင့် အိမ်စီးကားများကို ရမ်းသမ်းပစ်ခတ်ကြောင်း၊ ထိုသို့ ပစ်ခတ်စဉ် ကလေးငယ်များအပါအဝင် လူအများစု လိုက်ပါလာသော ကားတစ်စီးကို ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီး စစ်တပ်က ကားပေါ်မှ ပစ်ခတ်သွားကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် ကားပေါ်တွင်လိုက်ပါသော အသက် ၉ နှစ်အရွယ် မောင်ညီညီဇော်သည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၆ နှစ်အရွယ် မောင်ကြယ်စင်မင်းမှာ ဆီးခုံကျည်ထိမှန်၍ ဆေးရုံရောက်ရှိပြီးနောက် သေဆုံးသွား ကြောင်း သိရှိရသည်။

“ကားပေါ်မှာ ကလေး ၅ ဦးပါတယ်။ အဲဒါ မိသားစုတွေက ဘုန်းကြီးကျောင်းသွားအပြီး ပြန်လာတာ။ ရွှေရောင်ပြဆီဆိုင်နားအရောက်မှာ စစ်ကားက ရပ်ထားတယ်။ ပစ်သံတွေကြားတော့ ကလေးတွေနဲ့ လူကြီးတွေက ကားပေါ်က ဆင်းပြီး လမ်းဘေးမှာ ဝပ်ကြတာ။ အဲဒါ ဝပ်နေရင်း သေနတ်သံငြိမ်လို့ ထလိုက်တော့ စစ်တပ်က ကလေးအဖေကို လှမ်းပစ်တာ။ အဲဒီမှာ ကလေးက ထိပြီး ပွဲချင်းပြီး ဆုံးတယ်။ နောက်ကလေးတစ်ဦးကလည်း ဆီးခုံကို ကျည်ထိတယ်။ ဆေးရုံရောက်ပြီးတော့ ဆုံးသွားတယ်။ ခွဲစိတ်ခန်းဝင်ပေမယ့် မရတော့ဘူး” ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရသူက အခြေအနေကို ရှင်းပြသည်။

သထုံမြို့နယ်မှ ဒေသခံတစ်ဦးကလည်း “အကြီးကောင်က ကျည်ထိတာ အချက်ရေများလို့ သူ့အဖေလက်ထဲမှာတင် ပွဲချင်းပြီးပဲ။ အငယ်ကောင်လေးက ဆီးခုံနားမှာ ကျည်ထိတာ။ ဆေး ရုံရောက်‌တော့ဆုံးသွားတယ်”ဟု ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article