28 C
Yangon

သထုံ၊ ပိန္နဲတောရှေ့တန်းတပ်မှ ခမရ ၄၁၀ တပ်ရင်းမှူး၏ လူယုံတပ်သား အောင်ပြည့်စုံ KNU တပ်မဟာ ၁ ထံ လက်နက်နှင့် အလင်းဝင်

Must read

ရန်ကုန်၊ မတ် ၃၀

သထုံမြို့နယ်၊ ပိန္နဲတောရှေ့တန်းစခန်းရှိ စစ်ကောင်စီ၏ စကခ (၈) လက်အောက်ခံ၊ ခမရ ၄၁၀ တပ်ရင်းမှူး ဗိုလ်မှူးနေဝင်းစိုး၏ လူယုံကိုယ်ရံတော်ဖြစ်သူ တပ်သား အောင်ပြည့်စုံသည် လက်နက်နှင့်အတူ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။

တပ်သားအောင်ပြည့်စုံသည် MA1 သေနတ် ၁ လက်၊ ကျည်ကတ် ၃ ခု၊ ကျည်ဆံ ၁၉၁ တောင့်၊ ခွင်းဗုံး ၁ လုံး၊ ဗို့ကျည် ၁ တောင့်နှင့် အတူ KNU တပ်မဟာ ၁၊ တပ်ရင်း ၁ ထံ CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံလာခြင်းဖြစ်သည်။

လက်ရှိတွင် KNU တပ်မဟာ ၁ ထံ အလင်းဝင်ခိုလှုံလာသည့် စစ်ကောင်စီတပ်သား ၁၀ ဦး ကျော် ရှိပြီဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ – KNU တပ်မဟာ ၁ ထံ လက်နက်နှင့် အလင်းဝင်လာသည့် တပ်သားအောင်ပြည့်စုံ၏ MA1 သေနတ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article