30 C
Yangon

ဖရူဆို၊ ပုလဲ၊ မြိုင်၊ မုံရွာတို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး စုစုပေါင်း စစ်သား ၁၆ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၃၀

ဖရူဆို၊ ပုလဲ၊ မြိုင်၊ မုံရွာမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး စုစု ပေါင်း စစ်သား ၁၆ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်း ထုတ်ပြန်သည်။

ဖရူဆိုတွင် စစ်သား ၈ ဦးသေဆုံး
==================

မတ်လ ၃၀ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်မှ ၃ နာရီ ၃၀ မိနစ်အချိန်အထိ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ နယ်တွင် ရဲစခန်းတွင် တပ်စွဲထားသော စစ်ကောင် စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ် ဖရူဆို PDFက မဟာမိတ်အဖွဲ့များနှင့်ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကြောင်း PDF ဖရူဆိုက သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ် ဖရူဆို( PDF-Hpruso )နှင့်အတူ မဟာမိတ်အဖွဲ့များဖြစ်ကြသော DMO PDF တပ်ရင်းများ A ၊ B၊ D ၊ G၊ အလယ်ပိုင်းတိုင်း ၁၁၀၁ နည်းပညာလက်ရုံးတပ် CTUနှင့် KNDF BO4 တို့က ဗျူဟာပူးပေါင်း ရေးဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မြိုင်တွင် စစ်ကောင်စီတပ်သား ၁ ဦး သေဆုံး
========================

မကွေးတိုင်း၊မြိုင်မြို့နယ်၊ ဆိတ်ချေးကျစ်တက်အနီး၊ မြိုင် – ဗဟင်းလမ်းမကြီးပေါ်တွင် မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန် Myaing Villages Revolution Front ( MVRF )နှင့်Myaing Hero Generation နှစ်ဖွဲ့ပေါင်း၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးကြောင်း သိရှိရသည်။

မုံရွာတွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်
=============================
စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊အောင်ဇေယျာကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို မတ်လ ၂၉ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် Unity Force Monywa၊Brother Defense Forceနှင့်မဟာမိတ်ပူးပေါင်းအဖွဲ့များက လက်နက်ကြီးစိန်ပြောင်း ၁၅ လုံး၊မိုင်းအလုံး ၇၅ ခု တိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ပုလဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး
=========================

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အင်မထီးကျေးရွာ ပျူစောထီးစခန်းမှ ကျေးရွာအပြင်သို့ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ရာ ခုနှစ်ဦးသေဆုံးကြောင်း ၊ ယနေ့ နံနက် ၉ နာရီခွဲခန့်အချိန် အင်မထီးရွာနှင့် ကိုင်းတွင်းကျေးရွာအကြား၌ အင်အား ၅၀ ဝန်းကျင်ကို MRDA က တိုက် ခိုက် ခဲ့ခြင်းဖြစ်ကြောင်းမြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- PDF ဖရူဆို တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article