ရန်ကုန်၊ မတ် ၁
ရန်ကုန်- မန္တလေး အမြန်လမ်းဟောင်း (ယောမင်းကြီးလမ်း)ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ ကနောင်တပ် လုံခြုံရေး ကင်းစခန်းကို ယနေ့ မတ်လ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဝင်ရောက် တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Guerilla Force of Mandalayတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Guerilla Force of Mandalay နှင့် Eagle Brothers People’s Defense MDY ပူးပေါင်းအဖွဲ့တို့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။