27 C
Yangon

စစ်တပ်က ပြည်သူ ၁ ဦးကို သတ်ဖြတ်ကာ နွား ၁၅ ကောင်ကိုပါ ပစ်သတ် မီးရှို့ဖျက်ဆီးခဲ့သော သပြေအေးရွာ မြင်ကွင်းများ၊ မိုးကောင်းရွာကိုလည်း စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးနေ

Must read

ရန်ကုန်၊ မတ် ၂

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် Mi 35 ရဟတ်ယာဉ် ၂စီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် အလုံး ၅ဝနှင့် နွား ၁၅ကောင်ကို မီးရှို့သတ်ဖြတ် ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူ ၁ ဦးလည်း ပစ်သတ်ခံရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ Mi 35 ရဟတ်ယာဉ်သည် ကျေးရွာ အတွင်းသို့ ပစ်ခတ်ပြီးနောက် လူတင် ရဟတ်ယာဉ် ၂စီးဖြင့် ကျေးရွာအတွင်းသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ချပေးခဲ့ကြောင်း၊ ယင်း စစ်သားများက ရွာကို မီးရှို့ပြီး နွားများကိုပါ သတ်ဖြတ်ခဲ့ကာ ပြည်သူ ၁ ဦးကိုလည်း ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် သပြေအေးကျေးရွာနှင့် နှစ်မိုင်အကွာရှိ မိုးကောင်းကျေးရွာဘက်သို့ ယနေ့ မတ်လ ၂ရက်နေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိနေကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးလျက် ရှိကြောင်း သိရသည်။

Photo – ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article