28.6 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: March, 2022

တန့်ဆည်တွင် စစ်တပ် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သော ရွှေကျင်ရွာ ရွာလုံးကျွတ် ပြာကျ

ရန်ကုန်၊ မတ် ၃ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ရွှေကျင်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတ်လ ၂ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန် ခေတ်သစ် ဌာနသို့ ပြောဆိုသည်။ အဆိုပါ ရွှေကျင်ရွာသည် ရွာငယ်လေး တစ်ရွာဖြစ်ပြီး အိမ်ခြေ...

ဒီပဲယင်းတွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဒေသခံပြည်သူများ ချီတက် ဆန္ဒပြ

ရန်ကုန်၊ မတ် ၃ ဒီပဲယင်းတွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ မတ်လ ၃ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ Photo - ဒီပဲယင်းမြို့နယ် တော်လှန်ရေး စစ်ကြောင်း ဦးဆောင်ကော်မတီ

“ဓားရဲ့တရားဆိုတာ ဝင့်ရုံနဲ့မရ ရှေ့တိုးပီးခုက်မှ ရမယ်” စာသားဖြင့် လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်း ချီတက်

ရန်ကုန်၊ မတ် ၃ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းမှ "ဓားရဲ့တရားဆိုတာ ဝင့်ရုံနဲ့မရ ရှေ့တိုးပီးခုက်မှ ရမယ်" စာသားဖြင့် သပိတ်ချီတက်ခဲ့ပြီး မုံရွာမြို့အာဇာနည်လမ်းပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ လူမဆန်စွာ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသော ရဲဘော်အာဇာနည်(၉)ဦး၏ တစ်နှစ်ပြည့်သော ယနေ့ မတ် ၃ ရက်နေ့တွင် ကိုကေဇဝင်းနှင့်ကျဆုံးရဲဘော်တို့ကို အလေးနီပြုခဲ့ကြပါတယ်။

“ယူကရိန်း ပြည်သူများနှင့် အတူရပ်တည်နေကြောင်း မြန်မာနိုင်ငံအနှံ့မှ နားမကြားသူများ ဆန္ဒထုတ်ဖော်

ရန်ကုန်၊ မတ် ၃ မြန်မာနိုင်ငံအနှံ့မှ နားမကြားသူများ(အကြားအာရုံမသန်စွမ်းသူများ)က ယူကရိန်း ပြည်သူများနှင့် အတူရပ်တည်နေကြောင်း ၊ စစ်ပွဲများ ရပ်တန့်ရန် ဆန္ဒပြုကြောင်း" Myanmar people stand with ukarine people Solidarity with ukarine people , Dictatorship must...

မင်းအောင်လှိုင်ကို အလေးပြုရသည့် ငွေကျပ်ဘီလီယံချီ သုံးစွဲခဲ့သော ဗိုလ်ရှုခံပွဲအပြီး နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပြတ်မှု အခြေအနေ အလွန်ဆိုးဝါးလာ

ရန်ကုန်၊ မတ် ၃ နေပြည်တော်တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အလေးပြုရသည့် ငွေကျပ်ဘီလီယံချီ သုံးစွဲခဲ့သော ဗိုလ်ရှုခံပွဲအပြီး နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပြတ်မှု အခြေအနေ အလွန်ဆိုးဝါးလာကြောင်း ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးများမှ ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်သွယ်ပြောဆိုသည်။ "မီးက လာချင်သလိုလာတယ်။ ပြတ်ချင်သလို ပြတ်တယ်။...

Khit Thit သတင်းဌာန၏ မတ် ၃ ရက်နေ့အတွက် ရုပ်သံသတင်းအစီအစဉ် စမ်းသပ် ထုတ်လွှင့်

By ရန်ကုန်ခေတ်သစ် ယခု ဖေဖော်ဝါရီလမှစတင်၍ နေ့စဉ် ရုပ်/သံသတင်းအစီအစဉ်များကို စမ်းသပ် ထုတ်လွှင့်မည်ဖြစ်ပြီး များမကြာမီ နေ့စဉ်ပုံမှန် ထုတ်လွှင့်မည်ဖြစ်ပါသည်။ ယနေ့ မတ် ၃ ရက်နေ့တွင်-သံအမတ်ကြီး ဦးကျော်မိုးထွန်းက ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု ရှုတ်ချရေး အဆိုကို ထောက်ခံမဲပေး-ကဗျာဆရာကေဇဝင်းအပါအဝင် အာဇာနည် ၉ ဦးကျဆုံးမှု ၁...

ဆွဲလင်းကျင်းနှင့် မဆွာတွီကျေးရွာကြားတိုက်ပွဲတွင် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးဟု လောင်းရှည် PDF ထုတ်ပြန်

ရန်ကုန်၊ မတ် ၃ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးကျေးရွာမှ ဆောမြို့နယ်၊ လောင်းရှည်ကျေးရွာဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ကို ဆွဲလွဲကျင်းကျေးရွာနှင့် မဆွာတွီကျေးရွာကြားတွင် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့တွင် လောင်းရှည် PDF နှင့် CDF ကန်ပက်လက်က ပူးပေါင်းတိုက်ခိုက်လို့ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ များစွာရှိကြောင်း...

လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက မီးစက်ဝယ်ပြီ၊ နွေရာသီ မီးပိုပြတ်မည်ဟုဆို

ရန်ကုန်၊ မတ်၊ ၃ ရက် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလတွင် အာဏာ သိမ်းပြီးနောက်ပိုင်း တပြည်နယ်လုံးအတိုင်းအတာအရ တစ်ရက်အတွင်း လျှပ်စစ်မီးပြတ်တောက်မှုများ မကြာခဏဖြတ်တတ်ပြီး တစ်နှစ်ကျော်အချိန်အတွင်း လျှပ်စစ်မီးပြတ်တောက်မှုအခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။အာဏာသိမ်းပြီး တနှစ်ကျော်အတွင်းတွင် စစ်ကောင်စီလက်အောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ နေပြည်တော်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာချုပ်ရုံးအတွက် မတ်လ ၂ ရက်နေ့က...

ရန်ကုန် မြောက်ဥက္ကလာတွင် စစ်တပ် ပစ်သတ်သောကြောင့် ကျဆုံးခဲ့သည့် ကျောင်းသား၊ပြည်သူများအတွက် ၁နှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်

ရန်ကုန်၊ မတ် ၃ ရန်ကုန် မြောက်ဥက္ကလာမြို့နယ် အဝိုင်းတွင် စစ်တပ် ပစ်သတ်သောကြောင့် ကျဆုံးခဲ့သည့် ကျောင်းသား ပြည်သူများအတွက် ယနေ့ မတ်လ ၃ရက်နေ့တွင် ၁နှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်ကို ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ဦးဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။ Photo -...

စစ်အာဏာရှင်ချေမှုန်းရေး ၃၈၉ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် ကလေးမြို့တွင် ဆန္ဒပြ၊ အကြမ်းဖက် ဖြိုခွင်းခံရခြင်း ၁ နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

ရန်ကုန်၊ မတ် ၃ အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ယနေ့ မတ်လ ၃ ရက်နေ့တွင် ၃၈၉ ရက်မြောက် ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းဖြင့် လှည့်လည် ဆန္ဒပြကြသည်။ကလေးမြို့ပင်မသပိတ်စစ်ကြောင်းသည် အကြမ်းဖြိုခွင်းခံရခြင်း ၁ နှစ်ပြည့်နှင့် မောင်ဇင်မျိုးမောင် ကျဆုံးခြင်း ၁ နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့ကြသည်။

Latest news

- Advertisement -spot_img