29 C
Yangon

လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက မီးစက်ဝယ်ပြီ၊ နွေရာသီ မီးပိုပြတ်မည်ဟုဆို

Must read

ရန်ကုန်၊ မတ်၊ ၃ ရက်

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလတွင် အာဏာ သိမ်းပြီးနောက်ပိုင်း တပြည်နယ်လုံးအတိုင်းအတာအရ တစ်ရက်အတွင်း လျှပ်စစ်မီးပြတ်တောက်မှုများ မကြာခဏဖြတ်တတ်ပြီး တစ်နှစ်ကျော်အချိန်အတွင်း လျှပ်စစ်မီးပြတ်တောက်မှုအခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။အာဏာသိမ်းပြီး တနှစ်ကျော်အတွင်းတွင် စစ်ကောင်စီလက်အောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ နေပြည်တော်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာချုပ်ရုံးအတွက် မတ်လ ၂ ရက်နေ့က 500 KVA ( Sound Proof Type) ဒီဇယ်မီးစက် တစ်စုံဝယ်ယူမည်ဖြစ်ကြောင်း တင်ဒါခေါ်ယူခဲ့သည်။တင်ဒါတင်ရန် လျှောက်လွှာတစ်စောင်အား ၁၀၀၀ နှုန်းဖြင့်ရောင်းချနေပြီး ဧပြီ လ ၄ ရက်နေ့တွင် တင်ဒါပိတ်မည်ဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးမှ ပြောသည်။”500 KAV Generator set ဝယ်ဖို့တင်ဒါခေါ်ထားပါတယ်။ လျှောက်လွှာအရေ အတွက်ကတော့ ကန့်သတ်မထားပါဘူး။ တစ်စောင်ကိုတစ်သောင်းနှုန်းနဲ့ မည်သူ မဆိုဝယ်လို့ရပါတယ်။ ၄ ရက် ၄ လပိုင်းတင်ဒါ ပိတ်ပါမယ်” ဟုပြောသည်။အဆိုပါမီးစက်မှာ နေပြည်တော်တွင် လျှပ်စစ်မီး ၂၄ နာရီပေးရသည့်နေရာများတွင် အသုံးပြုရန်ဝယ်ယူခြင်းဖြစ်ကြောင်းသိရသည်။လျှပ်စစ်မီးမှာ တစ်နိုင်ငံလုံးအတိုင်းတာအရပြတ်တောက်နေခြင်းဖြစ်ပြီး ယခင်လပိုင်းများအတွင်း ရခိုင်တွင် တစ်နေ့လျှင်တစ်ကြိမ်နှုန်းဖြင့် ၃ နာရီခန့်ကြာ လျှပ်စစ်မီးပြတ်တောက်တတ်ပြီး လက်ရှိတွင် တစ်နေ့လျှင် တစ်ကြိမ်ထက်မနည်းပြတ်တောက်ကာ အချိန်အားဖြင့် ၁၀ နာရီခန့်ပင် ပြတ်တောက်လျှက်ရှိသည်။ထိုသို့လျှပ်စစ်မီးပြတ်တောက်ခြင်းမှာ ဓာတ်အားမလုံလောက်မှုကြောင့် မြို့နယ်အလိုက်သတ်မှတ်ချိန်ဖြင့် ဓာတ်အားဖြတ်တောက်ပေးရခြင်းဖြစ်ပြီး နွေရာသီရောက်လျှင် ယခုထက်မီးပြတ်နိုင်ခြေပိုများ သည်ဟု လျှပ်စစ်ဓာတ်အားပေးတာဝန်ရှိသူများကပြောသည်။အာဏာသိမ်းခံရပြီးနောက် လျှပ်စစ်မီးအပြည့်အဝမရရှိခြင်း အပါအဝင် စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အစစအရာရာ ကျဆင်းကာကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာပြီး ပြည်သူများ အလုပ်လက်မဲ့ဖြစ်မှုလည်း ပိုများလာခဲ့သည်။(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article