32 C
Yangon

မန္တလေး နည်းပညာ တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်း အနား ကျောင်းသား ကျောင်းသူ ၇ဦးဖြင့် ပြုလုပ်၊ ဘွဲ့ယူသူများကို ကျောင်းသား သမဂ္ဂက သစ္စာဖောက် လက်ပါးစေများဟု ကြေညာ

Must read

ရန်ကုန်၊ ဧပြီ ၁

အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော ဖက်ဆစ် စစ်တပ် တိုင်းပြည် မတရား အာဏာသိမ်းယူ ပြီးနောက် နည်းပညာ တက္ကသိုလ် မန္တလေး ဘွဲ့နှင်းသဘင် အခမ်းအနားကို မတ်လ ၂၉ရက်နှင့် ၃ဝ ရက်နေ့တွင် တက္ကသိုလ် ပင်မဆောင် အသစ်၌ ကျောင်းသား ကျောင်းသူ ၇ဦးဖြင့် ပြုလုပ်ခဲ့ကာ ဘွဲ့ယူသူများကို သစ္စာဖောက် လက်ပါးစေများဟု နည်းပညာ တက္ကသိုလ် မန္တလေး ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ကြေညာခဲ့သည်။

ဘွဲ့တက်ရောက်ရယူသည့် ကျောင်းသား ကျောင်းသူ ၇ဦးထဲတွင် နည်းပညာ တက္ကသိုလ် မန္တလေး ကျောင်းသားများ သမဂ္ဂမှ အလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ၂ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သော အောင်ခိုင်မင်းလည်း ပါဝင်ခဲ့ပြီး သမဂ္ဂအား သစ္စာဖောက် လက်ပါးစေအဖြစ် သတ်မှတ်ကာ သမဂ္ဂတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော မှတ်တမ်းများကို ဖျက်သိမ်းကြောင်း အမိန့်ပြန်တမ်းကို နည်းပညာ တက္ကသိုလ် မန္တလေး ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ဖက်ဆစ် စစ်တပ်က ပေးအပ်သော ဘွဲ့လက်မှတ်ရယူခဲ့သူ ၇ဦးကို ကုမ္ပဏီ အလုပ်များနှင့် မည်သည့် ပညာသင်ဆုမှ မရရှိစေရန် နည်းပညာ တက္ကသိုလ် မန္တလေး ကျောင်းသားများ သမဂ္ဂများက သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ ဘွဲ့တက်ရောက်ရယူခဲ့သည့် ကျောင်းသားကျောင်းသား ၇ဦးကိုလည်း သစ္စာဖောက် လက်ပါးစေ လောက်ဖျားများဟု သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

နည်းပညာ တက္ကသိုလ် မန္တလေးသည် မေဂျာ တစ်ခုလျှင် ကျောင်းသားကျောင်းသူ ၁ဝဝကျော်ဖြင့် နှစ်စဉ် ဘွဲနှင်းသဘင်ကို ကျောင်းသား ကျောင်းသူ ၇ဝဝကျာ်မှ ၁ဝဝဝကြားဖြင့် ပြုလုပ်နေကြဖြစ်သော်လည်း အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော ဖက်ဆစ် စစ်တပ် တိုင်းပြည် မတရား အာဏာသိမ်းယူ ပြီးနောက် ကျောင်းတက်ရောက်သော ကျောင်းသားကျောင်းသူ ဦးရေ မရှိသလောက် ရှားပါးခဲ့ကာ ဘွဲ့နှင်းသဘင် အခမ်းအနားကို ကျောင်းသား ကျောင်းသူ ၇ဦးဖြင့်သာ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” နည်းပညာ တက္ကသိုလ် Mandalay (TU -Mdy) မှာ ၂၉နဲ့၃ဝ ရက်နေ့က ဘွဲ့နှင်း သဘင်ကျင်းပသွားပါတယ်။ ပုံမှန် နှစ်စဉ်ဆို ကျောင်းသာ ရာကြီးပိုင်းလောက် ဘွဲ့ယူကြပေမယ့် ဒီနှစ် ၁၀ယောက်မပြည့်ဘူး ၇ယောက်ပဲရှိတယ်။ ပုံမှန်ဆို မေဂျာတခုကို ကျောင်းသား ကျောင်းသူ ၁၀၀ကျော်ရှိတယ်။ ၂ဝ၂ဝခုနှစ်ကတော့ ကျောင်းသားကျောင်းသူ ၇ဝဝ ကျော် တက်ရောက်ဘွဲ့ယူတယ်။ ပြီးခဲ့တဲ့ နှစ်တွေကတော့ ၈ဝဝ ကနေ ၁ဝဝဝ ကြားရှိတယ်” ဟု CDM ကျောင်းသားများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article