တနင်္သာရီတိုင်းမ်၊ ဧပြီ ၂
ခဲမိုင်းမြေစာပုံပြိုကျပြီး အလုပ်သမားငါးဦးသေဆုံးခဲတဲ့ဖြစ်စဥ်တစ်ခု မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က သဘောလိပ်ရွာမှာ မနေ့ကဖြစ်ပွားခဲ့ပါတယ်။
ဧပြီလ ၁ ရက်နေ့ နေ့လယ်ပိုင်းမှာ မိုးအပြင်းအထန်ရွာသွန်းခဲ့တဲ့အတွက် ခဲသတ္တုမိုင်းလုပ်ကွက်ထဲကို မြေစာပုံပြိုကျခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။
မြေစာပုံပြိုကျခဲ့တဲ့အတွက် အမျိုးသားငါးဦးသေဆုံးခဲ့ပြီး သူတို့အားလုံးဟာ ပဲခူးတိုင်းရွှေကျင်မြို့နယ်ကလာရောက်အလုပ်လုပ်ကိုင်ကြသူတွေဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
အဲဒီခဲမိုင်းမှာ အရင်က အခုလိုအစုလိုက်အပြုံလိုက်သေဆုံးမှုမျိုးမရှိခဲ့ဖူးဘူးလို့ဒေသခံတွေကပြောကြပါတယ်။
The Tanintharyi Times