25 C
Yangon

တမူးတွင် ဘိန်းဖြူနှင့်မူးယစ်ဆေးဝါးများ၊ ရောင်းဝယ်သူနှင့်သုံးစွဲသူ ၁၃ ဦး ကို PDF က ဖမ်းဆီး

Must read

ရန်ကုန်၊ ဧပြီ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ် အတွင်းရှိ တမူး-ခမ်းပတ်ကားလမ်းပေါ်တွင် ဧပြီလ ၃ ရက်နေ့ တမူး PDF တပ်ရင်း ၂ က နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဥ် ခမ်းပါတ်မှတမူးသို့ မောင်းနှင်လာသည့် ဆ်ိုင်ကယ်တစ်စီးကို ရပ်တန့်စစ်ဆေးစဥ် ဘိန်းဖြူ မူးယစ်ဆေး၀ါးများကို ရှာဖွေတွေ့ရှိသိမ်း ဆည်းရမိခဲ့ပြီးကွင်းဆက်များ ဖော်ထုတ်ဖမ်းဆီးကြောင်း သိရှိရသည်။

ကွင်းဆက်အဖြစ် မူးယစ်ဆေးဝါးရောင်း၀ယ်ဖောက်ကားသုံးစွဲနေသူများနေထိုင်ရာ နေအိမ်ကိုသိရှိခဲ့ရပြီး ရှောင်တခင်၀င်ရောက်ဖမ်းဆီးရာ ရောင်း၀ယ်သုံးစွဲ‌နေသူ ၁၃ ဦး၊ Android ဖုန်းအမျိုးအစား လက်ကိုင်ဖုန်း ၅လုံး(တစ်လုံးမကောင်း) ၊ Keypad ဖုန်းတစ်လုံး၊ မူးယစ်ဆေး၀ါး ထိုးသွင်းရာတွင် အသုံးပြုသည့် ဆေးထိုးအပ်အသေး ၃၀၀ကျော်၊ WY စိတ်ကြွဆေးပြား ၄၅ပြား၊ ဘိန်းဖြူ ထည့်ထားသည့် ဆပ်ပြာဘူး အသစ်၃ဘူးနှင့် ရောင်း၀ယ်သုံးစွဲနေသည့် ဘိန်းဖြူ ဆပ်ပြာဘူး ၁ ဘူးစာ ရောင်းရငွေ ၆၂၄၀၀ကျပ် တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့နောက် ဖမ်းဆီးရမီခဲ့သော မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေး၀ါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ရောင်း၀ယ်ဖောက်ကားသုံးစွဲခဲ့သူများကိုလည်း ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ်အဖြစ် သတိပေးပြီး ကောင်းမွန်စွာ ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊ တမူး PDF တပ်ရင်း-၂အနေဖြင့် မတ်လ ၃၀ ရက်နေ့ကထုတ်ပြန်ခဲ့သောကြေညာချက်အမှတ်၂တွင်ပါ‌သည့် အချက်၅ချက်အနက်(၄)တွင် တမူး-ကလေးကားလမ်းပေါ်၌ မူးယစ်ဆေးဝါးသယ်ဆောင်၍ ရောင်း၀ယ်ဖောက်ကားခြင်းမပြုရန် တရား၀င် သတိပေးကြေညာထားပြီးဖြစ်၍ နောက်နောင်တွင် မိမိတို့၏ကြေညာချက်များကို လိုက်နာခြင်းမရှိဘဲ ယခုကဲ့သို့ ထပ်မံဖမ်းဆီးရမိပါက လုံး၀(လုံး၀) ခွင့်လွှတ်မည်မဟုတ်ကြောင်းနှင့် ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နောက်ဆုံးအကြိမ်အဖြစ် သတိပေးချက် ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article