25 C
Yangon

ပဲခူး စစ်ကောင်စီခန့် ရဲတမန်ရွာ အုပ်ချုပ်ရေးမှူး မျိုးမြင့်ဦးနှင့် ဇနီးကျင်နု တို့ သေဆုံး၊ လောင်းလုံး တွင်လည်း ညင်းမော်ရွာ ပျူစောထီး အဖွဲ့ဝင် စိန်လွင် သေနတ်ဖြင့် ပစ်ခတ်ခံရ

Must read

ရန်ကုန်၊ ဧပြီ ၅

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် ဖုန်းဆိုးစုကျေးရွာအုပ်စု ရဲတမန်ရွာရှိ အကြမ်း ဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မျိုးမြင့်ဦး နှင့် ဇနီးကျင်နုတို့ကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၁ က ယနေ့ ဧပြီလ ၅ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အုပ်ချုပ်ရေးမှူး မျိုးမြင့်ဦး နှင့် ဇနီးကျင်နုတို့သည် သေနတ်ဒဏ်ရာ ၄ချက်ဆီဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကာ ကျေးရွာနေ ပြည်သူများအပေါ် ဖိနှိပ်မှု အမျိုးမျိုး ပြုလုပ်ခြင်း၊ ကျေးရွာနေ တက်ကြွလှုပ်ရှားသည့် လူငယ်များအား PDF နှင့် ဆက်စပ် သည်ဟုဆိုကာ စစ်တပ်ကို ဖမ်းဆီးခိုင်းခြင်း ပြုလုပ်နေခြင်းကြောင့် ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် PDF တပ် ဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ လောင်းလုံးမြို့နယ် ညင်းမော်ရွာတွင် နေထိုင်သော ပျူစောထီး အဖွဲ့ဝင် စိန်လွင်ကို တီဇစ်ရွာ လမ်းတွင် ဧပြီလ ၄ ရက်နေ့ ညနေ ၄နာရီခန့်တွင် အမည်မသိ သေနတ်သမားများ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

အဆိုပါ ပျူစောထီး အဖွဲ့ဝင် စိန်လွင်သည် လက်ကို သေနတ်ကျည် ထိမှန်ခဲ့ပြီး ထားဝယ် တပ်နယ်ဆေးရုံ၌ ဆေးကုသမှု ခံယူနေကာ သေဆုံးခြင်းမရှိဘဲ စိန်လွင်သည် အကြမ်းဖက် စစ်တပ်ကို ကူညီပံ့ပိုးပေးနေသူဖြစ်ကာ ကျေးရွာများအတွင်း ပျူစောထီး သင်တန်းများ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေသူ တစ်ဦးဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

Photo – အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မျိုးမြင့်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article