25 C
Yangon

KIO/KIA ဌာနချုပ် လိုင်ဇာနှင့် ၁၀ မိုင်ခန့်ဝေးသော နမ်ဆန်ယန်ကျေးရွာသို့ စစ်ကောင်စီတပ်သား ၂၀၀ ဝန်းကျင် ရောက်ရှိလာပြီး KIA နှင့် စစ်ရေးတင်းမာနေ

Must read

ရန်ကုန်၊ ဧပြီ ၅

ကချင်အမျိုးသားလွတ်လပ်ရေးအဖွဲ့ KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့နှင့် ၁၀ မိုင်ခန့်သာကွာဝေးသော နမ်ဆန်ယန်ကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ဝန်းကျင်ခန့် ရောက်လာပြီးနောက် KIA နှင့် စစ်ရေးတင်းမာသည့်အခြေအနေ ဖြစ်ပေါ်နေကြောင်း ကချင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ နမ်ဆန်ယန်ကျေးရွာသည် မြစ်ကြီးနား-လိုင်ဇာကားလမ်းပေါ်တွင် တည်ရှိပြီး လိုင်ဇာမြို့မှ ၁၀ မိုင်ခန့်သာကွာဝေးသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာသည့် အကြောင်းအရင်းကို အတည်မပြုနိုင်သေးသော်လည်း စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်ကြား KIA ကြား စစ်ရေးတင်းမာသည့် အခြေအနေတွင် ရှိနေသည်ဟု KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များ အင်အားတိုးရောက်ရှိလာခြင်း၊ KIA နှင့် စစ်ရေးတင်းမာနေမှု အခြေအနေများကို အသေးစိတ်သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ်က KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို ကြိုးစားဆက်သွယ်နေပြီး ဆက်သွယ်၍ မရသေးပေ။

နမ်ဆန်ယန်ကျေးရွာသည် ၂၀၁၂ ခုနှစ်တွင် စစ်တပ်၏ မီးရှို့ခြင်းကို ခံခဲ့ရပြီး ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ ၂၀၂၀ ခုနှစ်တွင်မှ ကျေးရွာအတွင်းသို့ စစ်ရှောင်များ ပြန်လည်အခြေချနေထိုင်ခဲ့သည့် ရွာလည်းဖြစ်သည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ကြား ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အစပ်များတွင် နေ့စဉ်နှင့်အမျှ တိုက်ပွဲများဖြစ်ပွားလျှက်ရှိသည်။

ဓါတ်ပုံ – ကချင်လွတ်လပ်ရေးတပ်မတော် တပ်ဖွဲ့ဝင်များ
Photo – AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article