24.9 C
Yangon

ဖရူဆို၊ ကဒါးလားကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ကြား တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၆ ဦး သေဆုံး၊ ခရီးသွားပြည်သူအချို့ကို စစ်ကောင်စီ ဖမ်းဆီး

Must read

ရန်ကုန်၊

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ကဒါးလားကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ဧပြီလ ၃ ရက်နှင့် ၄ ရက်များတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၆ ဦး သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၅ က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဧပြီလ ၅ ရက်နေ့တွင် ငွေတောင်ရွာသစ်ရှိ အများပြည်သူနေအိမ်များကို ဖောက်ထွင်းခိုးယူကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ဆိုင်ကယ်ဖြင့် ခရီးသွားလာနေသော ဒေသခံပြည်သူအချို့ကို စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်းနှင့် အသက်အန္တရာယ်စိုးရိမ်ရကြောင်း KNDF တပ်ရင်း ၁၅ က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် ဒီးမော့ဆိုမြို့ဘက်မှတဆင့် ဖရူဆိုဘက်သို့ ထိုးစစ်ဆင်နေပြီး ကရင်နီတပ်မတော် KA၊ KNDF နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်လျှက်ရှိသည်။

ဓါတ်ပုံ – KNDF တပ်ရင်း ၁၅ တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article