28 C
Yangon

မင်းအောင်လှိုင်စစ်တပ်က မင်းကင်းနှင့်ဂန့်ဂေါတွင် အသက် ၁၄ နှစ်၊ အသက် ၁၆ နှစ်၊ အသက် ၃၅ နှစ်အရွယ် အမျိုးသမီး ၄ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်၊ CDM ကျောင်းဆရာမ တချို့ အပါအဝင် အမျိုးသမီး ၃၀ ဦး ထက်မနည်းကို အစုလိုက် အပြုံလိုက် စစ်တပ်က မုဒိမ်းကျင့်မှုဖြစ်ပွား

Must read

By ရန်ကုန်ခေတ်သစ်

စစ်ကိုင်းတိုင်းတွင် မင်းအောင်လှိုင်စစ်တပ်က အသက် ၁၄ နှစ်အရွယ်၊ အသက် ၁၆ နှစ်အရွယ်၊ အသက် ၃၅ နှစ်အရွယ် အမျိုးသမီး ၄ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများနှင့် ဒေသ တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

People Defense Force Taung Dwin Region-Mingin၏ သတင်းထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် မတ်လ ၂၈ ရက်နေ့ မင်းအောင်လှိုင်စစ်တပ်က ကျော်ရွာကျေးရွာမှ အမျိုးသမီး ၃ ဦးကို မုဒိမ်းကျင့်သတ် ဖြတ်မှု အတည်ပြုနိုင်ကြောင်း သတင်းထုတ်ပြန်သည်။

“မတ်လ (၂၈)နေ့က ကျော်ရွာကျေးရွာတွင် တပ်စွဲထားသော ဖက်ဆစ် မုဒိမ်းကောင်များက အမျိုးသမီးများကို အဓမ္မပြုကျင့်ခဲ့ပြီး သုံးဦးသေဆုံးခဲ့ရကြောင်း အတည်ပြုနိုင်ခဲ့ပါသည်။ သေဆုံးသူအမျိုးသမီး သုံးဦးမှာ အသက် ၁၄နှစ်အရွယ်တစ်ယောက်၊၁၆ နှစ်အရွယ်တစ်ယောက်နှင့် ၃၅နှစ်ဝန်းကျင်တစ်ယောက်လို့ သိရပါတယ်” ဟု People Defense Force Taung Dwin Region-Minginက သတင်းထုတ်ပြန်သည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက People Defense Force Taung Dwin Region-Minginကို ဆက်သွယ်မေးမြန်းရာ “မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့နာမည်ကိုပဲ အတိကျသိရပါသေးတယ်။ ၁၄နှစ်၊ ၁၆နှစ် အရွယ်နှစ်ယောက်ကတော့ နာမည်မသိရသေးဘူး။ အဲ့ဒီရွာက ထွက်ပြေးလာတဲ့တစ်ယောက်ကို ကျနော်တို့ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။ ထွက်ပြေးလာသူနဲ့ မေးမြန်းပြီးမှ သတင်းအစုံအလင်ကို ထပ်မံတင်ပေးပါမယ်ဗျ။အခုအဲ့ဒီရွာနဲ့က ဖုန်းဆက်သွယ်လို့ကိုမရ ဖြစ်နေလို့ပါ” ဟု ပြန်လည်ဖြေဆိုသည်။

အလားတူ မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ ယောနယ်တွင် ဧပြီလ ၄ ရက်နေ့ စစ်တပ်က အမျိုးသမီးတစ်ဦးနှင့်ဖခင်ဖြစ်သူကို ရိုက်နှက်သတ်ဖြတ်ပြီး အမျိုးသမီးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြောင်း၊ သက်သေ အထောက် အထားများ ရရှိထားကြောင်း ယောနယ်မှ တော်လှန်ရေးခေါင်းဆောင်တစ်ဦးက အတည်ပြုသည်။

ဧပြီလ ၄ ရက်၊ ဂန့်ဂေါ-ကလေး လမ်းပေါ်ရှိ ထယ်လှော်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး သားအဖနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ဖခင်ဖြစ်သူကို လက်ပြန်ကြိုးတုတ်ကာ ရိုက်နှက် သတ်ဖြတ်မီးရှို့ခဲ့ပြီး အသက် ၁၆ နှစ်အရွယ်သမီးဖြစ်သူကိုလည်း အဓမ္မမုဒိမ်းကျင့်ကာ သတ်ဖြတ် မီးရှို့ခဲ့ကြောင်း ယော ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ပြောဆိုသည်။

“စကစက ဂန့်ဂေါမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတာ နှစ်ပတ်ကျော်ပြီ။ အဓိကတော့ မြစ်သာမြစ်ဗဟိုပြုပြီး မြစ်ဘေးဝဲယာက ရွာတွေကို ဝင်တယ်။ အိမ်တွေ၊ တောတဲတွေ၊ လယ်ယာသုံးပစ္စည်းတွေ၊ ယာဉ်အမျိုးမျိုးတွေ မီးရှို့ ဖျက်ဆီးခဲ့တယ်။ နောက်ပြီး ခိုင်းနွားတွေအပါအဝင် အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်စားသောက်တယ်။ ဒီနေ့ဆိုလည်း ထယ်လှော်ရွာမှာ သားအဖနှစ်ယောက် တောသွားရင်းတွေ့လို့ အဖမ်းခံရပြီး အသတ်ခံရတယ်။ ဖအေက အသက် ၅၀ ဝန်းကျင်၊ သမီးက အခုမှ ၁၆ နှစ်ပဲ ရှိသေးတယ်။ မုဒိမ်းကျင့် အသတ်ခံရတယ်။ အိမ်နှစ်လုံးလည်း မီးရှို့ဖျက်ဆီးသွားတယ်။ လက်ရှိတော့ စစ်ကြောင်းက ဂန့်ဂေါဖက်ကို ဦးတည်နေတယ်။ ကျန်သေးတဲ့ရွာတွေ ဘယ်လောက်ထိ ဖျက်ဆီးခံရဦးမယ်မသိသေးဘူး။”ဟု ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တာဝန်ရှိသူက ပြောပါတယ်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဘင်ကျေးရွာနှင့်အုတ်နှဲဘုတ်ကျေးရွာတို့ကို စစ်တပ်က ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ရာတွင် CDM ကျောင်းဆရာမတချို့ အပါအဝင် အမျိုးသမီး ၃၀ ဦးကို အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်မှုဖြစ်ပွားကြောင်း ၊ လက်ရှိတွင် အင်တာနက်နှင့်ဖုန်းလိုင်း ဖြတ်တောက်ထားခြင်း၊ မုဒိမ်းကျင့်ခံရသော အမျိုးသမီးများ၏ လုံခြုံရေးနှင့်အသက်အန္တရာယ်များ ကြောင့် ဖြစ်စဉ်ကို ထုတ်ပြောနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ဒေသခံအမျိုးသမီးတွေက နံပါတ်တစ်က ရှက်တယ်။ ရွာတွေကလည်း ရွာတွေဖြစ်တော့ အဲဒီကိစ္စကို မဖွင့်ဟချင်ကြဘူး။ နောက်ပြီး အသက်အန္တရာယ်။ အခုတောင် ပြေးနေရတာဆိုတော့ တကယ်လို့များ ဒါကို ထုတ်ဖော်လိုက်ရင် စစ်ကြောင်းတွေ နောက်တစ်ခေါက်ပြန်ဝင်လာပြီး လိုက်ရှာသတ်ဖြတ်တာမျိုး အလုပ်ခံရမှာလည်း ကြောက်နေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ မင်းကင်းမြို့နယ်နှင့် ကနီမြို့နယ်အကြား တင်းတောကျေးရွာတွင် စစ်တပ်က အိမ်ထောင်ဦးစီး ဖခင်ဖြစ်သူကို ဖမ်းဆီးပြီး နေအိမ်တွင် ဇနီးဖြစ်သူနှင့်အရွယ်မရောက်သေးသည့် သမီးဖြစ်သူကို မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်တွင်လည်း ကျူးလွန်ခံရသူများ၏ လုံခြုံရေးနှင့်အသက်အန္တရာယ်များအတွက် အသေးစိတ်အချက်အလက်များ ထုတ်ဖော်နိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီတပ်သားများ။ Photo – AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article