25 C
Yangon

ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်းကို ကို PDF နှင့် KIA တို့ ဝင်စီးပြီး လက်နက်နှင့်ငွေများ သိမ်းဆည်းရမိ၊ စစ်ကိုင်းနှင့်မကွေးတိုင်းတို့တွင် စစ်ကောင်စီတပ်များကို PDF များက အရှိန်မြှင့်တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၉

စစ်ကိုင်းတိုင်း၊ ဘုတင်လင်မြို့နယ်၊ ကူတော်ကျေးရွာရဲစခန်းကို PDF နှင့် KIA ပူးပေါင်းတပ်များက ယမန်နေ့ ညပိုင်းတွင် ဝင်စီးပြီးလက်နက်နှင့် ငွေများ သိမ်း ဆည်းရမိကြောင်း PDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်း မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲစခန်းကို PDF နှင့် KIA တို့ ပူးပေါင်းပြီး ယမန်နေ့ည ၉ နာရီအချိန်တွင် ရှောင်တခင် ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း၊ တစ်နာရီကြာမျှ ပစ်ခတ် တိုက် ခိုက် ပြီးသည့် နောက် ဘုတလင် ရဲစခန်းကို KIA နှင့် PDF တို့ သိမ်းပိုက် နိုင်ခဲ့ကြောင်း၊ စခန်းကို မီးရှို့ခဲ့ကြကြောင်း၊ စခန်းထဲမှ လက်နက်ခဲယမ်းများ အပြင် ငွေစက္ကူများကို သိမ်းယူပြီး ဆုတ်ခွာခဲ့ကြကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့အနီး အလုံတပ်မြို့ လမ်းပိုင်းတွင် ဧပြီလ ၉ ရက်နေ့ နံနက် ၁ နာရီတွင် ထနောင်းကုန်းရွာနှင့် ကံသစ်ရွာအကြား စစ်ကောင် စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၃ နာရီခန့်တွင် ‌အလောင်းလာကောက်သည့် စစ်ကောင်စီယာဉ်တန်းကို ဒုတိယအကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ကားလေးစီး ပျက်စီးခဲ့သည်ဟု အထက်ပါအဖွဲ့က အတည်ပြုထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဖွဲ့၀င် သေဆုံးသူအရေအတွက်ကို အတည်ပြုနိုင်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

ထို့ပြင် ဧပြီလ ၉ ရက်နေ့စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ကံကြီးကုန်းကျေးရွာတွင် တပ်စွဲလျက်ရှိသော စစ်ခွေးများမှာ အနီးအနားရှိကျေးရွာများသို့ ကင်းပတ်သွားလာလှည့်လည်နေသော စစ်ကောင်စီတပ်ကို ၄၀မမ(၃)လုံးနှင့် ရှော့ဂန်း (Shotgun)များပစ်ခတ်ပီးမိုင်းကွင်းထဲမျှားခေါ်ခဲ့ကြောင်း၊ မိုင်းကွင်းထဲရောက်သည်နှင့် စစ်ကောင်စီတပ်ဖွဲ့ ၆ ဦးကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ၆ ဦးလုံး သေဆုံးသွားကြောင်း၊ စစ်ဆင်ရေးကို The Value of Young Men (တောင်သာ)၊ MGN35ပြောက်ကျားတပ်ဖွဲ့၊ Chaung U Local Defense force နှင့် Myaung Fighter Defense force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၈ ရက်နေ့ ညပိုင်း စစ်ကိုင်းတိုင်း မြို့တော်မုံရွာရှိ မြန်မာ့သစ်လုပ်ငန်းရုံးကို DGF (Monywa) က မိုင်းနှစ်လုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ အိုးဘိုထောင်ရပ်ရှိ အမှတ်(၁)သစ်ပါးလွှာစက်ရုံနှင့် (မုံရွာ)စက်ရုံရှိ မီးလိုင်းနှစ်လိုင်းကိုလည်း ဖြတ်တောက်နိုင်ခဲ့ကြောင်း သိရှိရသည်။

မကွေးတိုင်းပေါက်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်များအတွက် ရေထောက်ပံ့ပေးနေသော သမားတော်ကျေးရွာရှိ ရေပန့်စက်ရုံကို မတ်လ ၂၇ ရက်နေ့တွင် ASTFက ပထမအကြိမ် မိုင်းခွဲခဲ့ကြောင်း၊ အဆိုပါမိုင်းခွဲမှုကို လုံခြုံရေးအပြည့်ဖြင့် ပြင်ဆင်ပြီးနောက် ယနေ့ နံနက် ၁ နာရီတွင်လည်း ထပ်မံ မိုင်းခွဲမီးရှို့လိုက်ကြောင်း၊ သာကြီးတောင်ရေနံမြေရှိ စစ်တပ်နှင့်ရဲများသောက်ရန် ရေတင်ပေးနေသော ရေပန့် စက်ရုံဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပေါက်မြို့နယ်က သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ၊ ဆားတောင်မြို့ သာစည်လေးကျေးရွာကို စစ်တပ်က ဧပြီလ ၉ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် စစ်ကြောင်းထိုး တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိကြောင်း၊ အပြစ်မဲ့ အရပ်သား ၄ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးလည်း ကျဆုံးကြောင်း စစ်ကိုင်းPDF က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
Photo – Reuters

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article