25 C
Yangon

ဘီးလင်းတိုးဂိတ်အဟောင်းရှိ အစောင့်စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်ခံရ ၊ မန္တလေး ၆၂ လမ်းတွင်လည်း မိုင်းကွဲပြီး ကားတစ်စီးထိမှန်

Must read

ရန်ကုန်၊ ဧပြီ ၁၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အထွက် တိုးဂိတ်အဟောင်းတွင် စောင့်ကြည့်စစ်ဆေးနေသော စစ်ကောင်စီတပ်များကို ယနေ့ နံနက်ပိုင်း လက်နက်ကိုင်အဖွဲ့တချို့က တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဒီမနက် ဘီးလင်း ရွှေသံလွင် တိုးဂိတ်အဟောင်းနေရာမှာ ပစ်ခတ်မှုဖြစ်တယ်။ ပစ်ခတ်သံတွေ အတော်ကြားရတယ်။ မနက်၇ နာရီကနေ ၁၀ နာရီခန့်အထိ စစ်ခွေးတွေက ရွာတွေထဲ လက်နက်ကြီးများနဲ့အချက်ပေါင်းများစွာ ပြန်လည်ပစ်ခတ်တယ်။ ခွေးထိခိုက်မှုရှိ အရေအတွက်မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ထို့ပြင် မန္တလေး ၆၂ လမ်းပေါ်တွင်လည်း ယနေ့ နံနက်ပိုင်း မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး အိမ်စီးကား Wish ယာဉ်တစ်စီး ထိခိုက်သွားကြောင်း၊ မိုင်းသည် စစ်ကောင်စီတပ်စစ်ဆေးမှုများလုပ်လေ့ရှိသော နေရာအနီးအနားတွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း ၊ မိုင်းကွဲမှုကြောင့် လူတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“လမ်းကိုပိတ်ပြီး စစ်တာတွေ့တယ်။ နောက်ပြီး ကားအဖြစ် တစ်စီး အတော်စုတ်ပြတ်သွားတာတွေ့တယ်။ လာသမျှ ဆိုင်ကယ်ကားအကုန်စစ်တာ။ ကားသမားတချို့ဆိုရင် မြေကြီးပေါ် ဆင်းထိုင်ခိုင်းပြီး ဒူးထောက်ခိုင်းတယ်။ သေနတ်တွေနဲ့ နောက်ကချိန်ထားတာ” ဟု မန္တလေးမြို့မှ ဒေသခံတစ်ဦးက ရှင်းလင်းပြောဆိုသည်။

လက်ရှိတွင် မန္တလေးတစ်မြို့လုံးကို စစ်တပ်က ပိတ်ဆို့စစ်ဆေးလျက်ရှိကြောင်း ၊ နေ့လယ်အချိန်တွင်ပင် ရပ်ကွက်များကို ဧည့်စာရင်းဟုဆိုကာ အိမ်ထောင်စုစာရင်းစစ်ဆေးခြင်း၊ မှတ်ပုံတင် စစ်ဆေးခြင်းများကို စစ်တပ်က လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- မန္တလေးတွင် ယနေ့ နံနက် မိုင်းထိမှန်ထားသော ကားတစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article