27 C
Yangon

အရာတော် ရှောက်ခါးရွာတွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး ကိုရွှေသင်း သေဆုံး ရုပ်အေလာင်းကို စစ်တပ်က မီးရှို့ဖျောက်ဖျက်၊ ပြည်သူပိုင် နေအိမ် ၇၃လုံးလည်း မီးလောင် ပြာကျ

Must read

ရန်ကုန်၊ ဧပြီ ၁၁

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ရှောက်ခါးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဧပြီလ ၈ရက်နေ့ လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ပြီး ကိုရွှေသင်းကို ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး စစ်တပ်က ရုပ်အလောင်းကို မီးရှို့ဖျောက်ဖျက်ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၇၃လုံးလည်း မီးလောင် ပြာကျ ခဲ့ကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၇၃လုံးနှင့် သီးနှံများ၊ လယ်ယာသုံးပစ္စည်းများ၊ ဆိုင်ကယ်၊ စက်ယန္တရား ပစ္စည်းများကိုပါ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် အရာတော်မြို့နယ် ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့တို့ ကျေးရွာအနီးအနားတွင် ၁၅ မိနစ်ကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရွာသူ ရွာသား အများစု ဘေးကင်းရာသို့ ရှောင်တိမ်း နိုင်ခဲ့ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ရှောက်ခါးကျေးရွာသို့ ၄ ကြိမ်မြောက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်ပြီး ကျေးရွာတွင် အိမ်ခြေ ၃၀၀ ခန့်ရှိကာ အကြမ်းဖက် စစ်တပ်က အိမ်ခြေ ၈၃ လုံးကို မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း အရာတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

Photo – အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article