ရန်ကုန်၊ ဧပြီ ၁၁
မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်း ကျောက်အိုးကုန်းရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဧပြီလ ၁၁ ရက်နေ့ ညနေ ၅နာရီ ၄၅ မိနစ်တွင် ဝင်ရောက်စီးနင်းကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။
အဆိုပါ အကြမ်ဖက် စစ်ကောင်စီ စစ်ကြောင်းတွင် စစ်သား၊ ရဲနှင့် ပျူစောထီးများ ပါဝင်ပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူလုယက်နေကြောင်း သိရသည်။
” ရွာကို စစ်ခွေးတွေ မီးရှို့နေတယ်။ ရွာလုံးကျွတ်နီးပါးကို မီးရှို့ခံနေရတာ စစ်ခွေးတွေ ရဲခွေးတွေ ပျူစောထီးခွေးတွေလည်းပါတယ်။ ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူ လုယက်ပြီးမှ မီးရှို့နေတာ ပြည်သူတွေကတော့ ဘေးလွတ်ရာကို ပြေးနေရပြီ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။