ရန်ကုန်၊ ဧပြီ ၁၃
ရန်ကုန်တိုင်း၊ ခရမ်းမြို့ ဇွဲတွန်ဂိတ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးကြောင်း ခရမ်း PDF နှင့် ခရမ်းအခြေစိုက်ဒေသသတင်းရင်းမြစ်များက သတင်းထုတ်ပြန်သည်။
ဧပြီလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီမှ ၄၀ မိနစ်မှစတင်ပြီး ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်နှင့် သက္ကလမြို့နယ်ကြားရှိ ဇွဲတွန်စစ်ဆေးရေးဂိတ်တွင် ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan) နှင့် စစ်ကောင်စီတပ်တို့အချိန်အထိ ၄၀ မိနစ်နီးပါး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ပစ်ခတ်ချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ်များမရေမတွက်နိုင်အောင်ဖြင့် နှစ်ဦးနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မိုင်းများလည်း အတော်များများ ပေါက်ကွဲခဲ့ကြောင်း သိရပါသည်။
လက်ရှိတွင် ဇွဲတွန်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားများ အလောင်းများပုံနေလျက်ရှိနေပြီး အနည်းဆုံး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရရှိသူများလည်း များပြားကြောင်း သိရှိရသည်။
အလားတူ ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ ကုန်းလမ်းပို့ဆောင်းရေးနှင့်ညွှန်ကြားမူဦးစီးဌာန(ကညန)ရုံးတွင်လည်း ယနေ့ မွန်းလွဲ ၂နာရီ ၁၅ မိနစ်အချိန် စစ်ကောင်စီတပ်၏ Double Cub ကားတစ်စီးကို သန်လျင်ဗိုလ်နဂါးတပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ သေဆုံးထိခိုက်မှု အခြေအနေ မသိရှိရသေးကြောင်း သန်လျင်တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဓာတ်ပုံ- ဇွဲတွန်စစ်ဆေးရေးဂိတ်။