25 C
Yangon

ယင်းမာပင်၊ ဘန့်ဘွေးရွာရှိ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပစ်ခတ်တိုက်၍ စစ်သား ၅ ဦး ထက်မနည်းသေဆုံး၊ မြိုင်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၂၀ ဦး ခန့်သေဆုံးနိုင်

Must read

ရန်ကုန်၊ ဧပြီ ၁၃

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဘန့်ဘွေးကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ဧပြီလ ၁၂ ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း က သတင်းထုတ်ပြန်သည်။

တိုက်ပွဲသည် ညနေ ၆ နာရီမှ ၉ နာရီအထိ ကြာမြင့်ခဲ့ပြီး RPG ထိမှန်ကာ စစ်သား ၅ ဦးထက်မနည်းသေဆုံးသွားကြောင်း၊ သံချပ်ကာအမြှောက်ကားများအပါအဝင် စစ်ကူများရောက်လာသဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

ဘန့်ဘွေးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂၊ ၃၊ ၄၊ (Chindwin Attack Force)၊ ယင်းမာပင်ခရိုင် PDFနှင့် မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ မြိုင်မြို့နယ်၊ ဌေးအောင်ကျေးရွာအနောက်ဘက် ၁ မိုင်အကွာ သီးပင်ကိုင်း အရှေ့မြောက်ဘက် တောင်ကုန်းပေါ်တွင် စစ်ကောင်စီစစ်ကြောင်းကို ဧပြီလ ၁၀ ရက်နေ့နံနက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက လိုက်လံတိုက်ခိုက်ရာ စစ်သား ၂၀ ခန့် သေဆုံးနိုင်ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA က သတင်းထုတ်ပြန်သည်။

စစ်ကြောင်းကို MRDA ဦးဆောင်သော မမဟာမိတ်တပ်ဖွဲ့များက နံနက် ၆ နာရီခွဲခန့်မှ စ၍ လိုက်လံတိုက်ခိုက်ရာ မွန်းလွဲ ၁ နာရီအထိ ကြာမြင့်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ် ဒဏ်ရာရရှိခဲ့ကြောင်း MRDA အဖွဲ့ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article