25 C
Yangon

ကချင်ပြည်နယ်၊ ပန်ဝါမြို့မှ ဆင်းလာသည့် NDA-K ပြည်သူ့စစ်များကို KIA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်၊ ပြည်သူ့စစ် ၂ ဦးသေဆုံးပြီး သေနတ် ၁၀ လက်နှင့် အသုံးအဆောင်ချို့ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဧပြီ ၁၃

ကချင်ပြည်နယ်၊ ပန်ဝါမြို့မှ ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖြစ်အသွင်ပြောင်းထားသည့် NDA-K တပ်ဖွဲ့ဝင်များကို ယမန်နေ့ ဧပြီလ ၁၂ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းအဖွဲ့က တိုက်ခိုက်ရာ ပြည်သူ့စစ် ၂ ဦးသေဆုံးပြီး ၄ ဦးကို အရှင်ဖမ်းမိကြောင်း လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း ကချင်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

အဆိုပါ NDA-K ပြည်သူ့စစ်များကို KIA တပ်ရင်း ၄၆ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်တို့က ပြည်သူ့စစ်များ စီးနင်းလာသော ကားများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သေနတ် ၁၀ လက်အပါအဝင် ကျည်ဘောက်များ၊ ဗုံးသီးများနှင့် စစ်အသုံးအဆောင်အချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ကချင်သတင်းရင်းမြစ်ကဆိုသည်။

ကချင်သတင်းရင်းမြစ်က ဖော်ပြထားသော ရုပ်/သံတွင် KIA နှင့် PDF များက ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မြင်တွေ့ရပြီး ပြည်သူ့စစ် မည်မျှ ဖမ်းဆီးခံရခြင်းကိုမူ ကနဦး အတည်မပြုနိုင်သေးပေ။

ဒီမိုကရေစီသစ်တပ်မတော်-ကချင် NDA-K အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ခွဲထွက်ကာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းထားသော အဖွဲ့တခုဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article