25 C
Yangon

PDF – Kalay တပ်ရင်း ၃ အခြေစိုက်စခန်းကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်း၊ တိုက်ပွဲများအတွင်း PDF ၄ ဦး ကျဆုံး၊ စစ်သား ၅ ဦးထက်မနည်းသေဆုံးနိုင်

Must read

ရန်ကုန်၊ ဧပြီ ၁၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အနောက်မြောက်ပိုင်းရှိ PDF – Kalay တပ်ရင်း ၃ အခြေစိုက်စခန်းကို ယမန်နေ့ ဧပြီလ ၁၂ ရက် နံနက် ၉ နာရီခွဲတွင် အကြမ်းဖက်စစ်ကောင်စီ အင်အား ၁၅၀ ဖြင့် ဝင်ရောက်စီးနင်းခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားပြီး ပ.က.ဖ အဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း စခန်းပတ်လည်ရှိ တိုက်မိုင်းများကြောင့် စစ်သားအများအပြား သေဆုံးနိုင်ကြောင်း PDF – Kalay က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ လက်နက်အင်အားမမျှသဖြင့် စခန်းကို စွန့်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ကလေးမြို့ အနောက်မြောက်ပိုင်း ပြည်တော်သာကျေးရွာဘက်သို့ စစ်ကောင်စီတပ်ဖွဲ့များသည် စစ်ကြောင်း ၂ ကြောင်း အင်အား ၃၀၀ ခန့်ဖြင့် ထိုးစစ်ဆင်လာရာ ယနေ့ ဧပြီလ ၁၃ ရက် နံနက် ၁၀ နာရီခန့်တွင်PDF-Kalay၊ Zomi PDF၊ PDA၊ CNDF၊ CDM (Siyin)၊ ပ.က.ဖ ပူးပေါင်းတပ်ဖွဲများ နှင့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၃ နာရီအချိန်ခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ တိုက်ပွဲတွင် PDF – Kalay ရဲဘော် ၃ ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ အနည်းဆုံး ၅ ဦး သေဆုံးနိုင်ကြောင်း PDF – Kalay က သတင်းထုတ်ပြန်ထားသည်။

အလားတူ ကလေးမြို့ပေါ်တွင်လည်း ယမန်နေ့ညပိုင်းနှင့် ယနေ့ ညနေ ၆ နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

မြို့ပေါ်တိုက်ပွဲသည် တာဟန်းရပ်ကွက်ဘက်တွင် ဖြစ်ပွားကြောင်း ကလေးမြို့ လေယာဉ်ကွင်းအနီးရှိ ဒကစ၊ အမြှောက်တပ်များမှ တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ လက်နက်ကြီးပစ်ကူများ ပစ်ခတ်ခဲ့ကြောင်းသိရှိရပြီး နှစ်ဖက်အကျအဆုံးစာရင်းကို ကနဦး အတည်ပြုနိုင်ခြင်း မရှိသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article