25 C
Yangon

ဒီးမော့ဆို၊ အိုးခူးရီကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်၊ စစ်သား ၂၀ ဦးခန့်သေဆုံးနိုင်၊ ကရင်နီရဲဘော် ၃ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၃

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ရျိ အိုးခူးရီးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ယနေ့ နံနက် ၇ နာရီမှစတင်ကာ တနေကုန်နီးပါး အနီးကပ် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၀ ဦးခန့် သေဆုံးနိုင်ကြောင်း၊ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၃ ဦး ကျဆုံးကြောင်း ရှေ့တန်းရဲဘော် ၁ ဦးထံမှ သိရှိရသည်။

“ဒီနေ့ကတော့ မနက် ၇ နာရီကနေ ညနေ ၄ နာရီလောက်ထိ တိုက်ပွဲက တနေကုန်နီးပါး ဖြစ်တယ်၊ ဒီနေ့ သူတို့ဘက်က စစ်သား ၁၅ ယောက်ကနေ ၂၀ လောက်ထိ သေမယ်၊ ကျနော်တို့ KNDFနဲ့ KA ဘက်က ရဲဘော် ၃ ဦးကျတယ်။ တိုက်ပွဲက အနီးကပ်ဖြစ်တာပေါ့၊ အိမ် ၁ လုံးပဲ ခြားတယ်၊ စစ်သားတွေ အော်ငိုသံတွေပါ ကြားရတယ်” ဟု ကရင်နီရှေ့တန်းရဲဘော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် အင်အားအလုံးအရင်းဖြင့် ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ အိုးခူးရီရွာ၊ နောင်ပုလဲရွာ၊ ဆိုဘောသဲရွာနှင့် ကားလမ်းမ တလျှောက် ထိုးစစ်ဆင်လာသည်မှာ ၅ ရက်ခန့် ရှိနေပြီဖြစ်ပြီး ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နှင့် မဟာမိတ် PDF တပ်ဖွဲ့များက ခုခံတိုက်ခိုက်လျှက်ရှိသည်။

အိုးခူးရီးကျေးရွာတွင် ယမန်နေ့ ဧပြီလ ၁၂ ရက်နေ့တွင်လည်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀ ကျော် သေဆုံးနိုင်ကြောင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် ရှေ့တန်းမှ ကရင်နီရဲဘော်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article