26 C
Yangon

မြစ်ကြီးနား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ၄ဝ မမ ဗုံးသီးဖြင့် ပစ်ခတ်ခံရ၊ ပုလဲ တွင်လည်း အင်မထီးရွာရှိ ပျူစောထီး သင်တန်းကျောင်း ဝင်ရောက် တိုက်ခိုက်ခံရကာ စစ်သား ၁ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၁၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဆေးတပ်ကို ယနေ့ ဧပြီလ ၁၃ ရက်နေ့ ညနေ ၃နာရီခန့်တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့က ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အင်မထီးကျေးရွာရှိ ပျူစောထီး သင်တန်းကျောင်းကို PRA ဦးဆောင်သော မဟာမိတ် အဖွဲ့များက ယနေ့ ဧပြီလ ၁၃ ရက်နေ့ ညနေ ၃နာရီ ၃ဝမိနစ်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PRA တပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဂျပန်ကြီးက ပြောဆိုသည်။

အဆိုပါ ပျူစောထီး သင်တန်းကျောင်းကို ပြည်သူ့ တော်လှန်ရေး တပ်မတော် people revolution Army (PRA)၊ပုလဲ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဌာနချုပ် အဖွဲ့၊ PPDG၊ MVRF၊ Myaing Youths Revolution၊ Guerrilla Ranger နှင့် Local PDF များမှ ပူးပေါင်း ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article